Monday, October 21, 2013
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ငါးနိုင်ငံတွင် ပါဝင်ရန် ဆော်ဒီအာရေးဗီးယားက တရားဝင် ငြင်းဆန် နေခဲ့လျှင် လစ်လပ်သွားမည့် အာရှ-ပစိဖိတ်ဒေသ
ကိုယ်စားပြု နိုင်ငံသစ်အတွက် အခြားနိုင်ငံ တစ်နိုင်ငံကို ထပ်မံ
ရွေးချယ်ရရမည် ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၇ ရက်က
လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံသစ် ငါးနိုင်ငံ စာရင်းတွင်
ဆော်ဒီအာရေး ဗီးယား၊ ချီလီ၊ လစ်သူရေးနီးယားနှင့် နိုက်ဂျီးရီးယားနိုင်ငံများက ရွေးချယ်ခံရပြီး ဇန်န၀ါရီ ၁ရက်တွင် စတင် တာဝန်ထမ်း
ဆောင်ရမည်ဖြစ်သည်။ ယခုကဲ့သို့ ငြင်းပယ်လိုက်ခြင်းသည်
လုံခြုံရေးကောင်စီအတွင်း လှုပ်လှုပ်ရှားရှာဖြစ်စေခဲ့သည်။
ဆော်ဒီက
လုံခြုံရေးကောင်စီသည် အီဂျစ်၊ ဆီရီးယားအရေးနှင့် အခြားသော ပဋိပက္ခများတွင်
မူနှစ်မျိုးချမှတ် လုပ်ကိုင်နေသည်ကို လက်မခံကြောင်း၊
ဆီးရီးယားပြည်သူများကို အာဏာရအစိုးရမှ မီးလောင်တိုက် သွင်းနေခြင်း။
သတ်ဖြတ်နေခြင်းကို လက်ပိုက်ကြည့်နေခြင်းမှာ ကောင်စီ၏ စွမ်းဆောင်ရည်မရှိသည်ကို ပြသရာရောက် နေကြောင်းဆိုသည်။ ဆော်ဒီ၏ ဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံက ပြင်းထန်စွာ ဝေဖန်သော် လည်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ဆော်ဒီအနေဖြင့် တရားဝင်ငြင်းပယ်မှု မရှိသေး ဟု ဆို၏။
ဆော်ဒီသည် လုံခြုံရေးကောင်စီတွင် ရွေးချယ်ခံရပြီးနောက် သူ၏ တုံ့ပြန်မှုကို
ချက်ချင်းပြုလုပ်ခဲ့သည်။ ကမ္ဘာ့ အင်အားကြီးနိုင်ငံများက
အရှေ့အလယ်ပိုင်းနှင့်ပတ်သတ်သည့် အကျပ်အတည်းများ ကိုင်တွယ်ပုံကို
သဘောမကျကြောင်း၊ အမေရိကန်နှင့် သူ၏ ဒေသဆိုင်ရာ ရန်သူတစ်ဦးဖြစ်သူ အီရန်တို့၏ ဆက်ဆံရေးမှာ ဘ၀င်ကျဖွယ် မရှိကြောင်းဆိုသည်။
လုံခြုံရေးကောင်စီ အဖွဲ့ဝင်သစ်နိုင်ငံများ ရွေးချယ်အပြီး သတင်းထောက်များနှင့် ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီသံအမတ် Abdallan Al-Mouallimi တို့တွေ့ဆုံချိန်တွင် မိမိတို့အစိုးရသည် ယခုရွေးချယ်မှုကို အလွန်
အလေးထားကြောင်း၊ ယခုငြင်းပယ်မှုသည် သင့်တင့်မျှတသော မူဝါဒတစ်ရပ် ရည်ရှည်ထွက်ပေါ်လာရန်နှင့် ငြမ်းချမ်းရေးကို ရှေးရှုသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြောကြားထားသည်။
Ref: AP, AFP
The Myanma Age

No comments:
Post a Comment