Thursday, October 10, 2013

ရန်ကုန်မြို့လယ်ကို ယဉ်ကျေးမှု အမွေ စောင့်ကြည့် စာရင်းထဲ ထည့်သွင်း


Thursday, 10 October 2013

မြန်မာနိုင်ငံရဲ့ ​မြို့တော်ဟောင်းလည်းဖြစ် ​စီးပွားရေးမြို့တော်လည်းဖြစ်တဲ့ ​ရန်ကုန်မြို့လယ် ဧရိယာကို ​ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ​စောင့်စာရင်းထဲမှာ ​ထည့်သွင်းလိုက်တယ်လို့ ​World ​Monument ​Fund ​အဖွဲ့ ​ကပြောပါတယ်။

အမေရိကန်နိုင်ငံ ​အခြေစိုက် ​World ​Monument ​Fund ​အဖွဲ့ဟာ ​ကမ္ဘာ ​အနှံ့မှာရှိတဲ့ ​ဗိသုကာ ​လက်ရာတွေ နဲ့ ​ယဉ်ကျေးမှု ​အမွေအနှစ်တွေကို ​ထိန်းသိမ်းစောင့်ရှောက်တဲ့ ​အဖွဲ့ဖြစ်ပြီး ​သူတို့ရဲ့ ​၂၀၁၄ ​စောင့်ကြည့် စာရင်းမှာ ​ရန်ကုန်မြို့လယ်ဧရိယာကို ​ထည့်သွင်းလိုက်တာဖြစ်တယ်လို့ ​ရန်ကုန်မြို့ပြ ​အမွေအနှစ် ​ထိန်းသိမ်း ရေးအဖွဲ့ ​(Yangon ​Heritage ​Trust) ​က ​အကြီးတန်း ​အရာရှိ ​တစ်ဦးဖြစ်တဲ့ ​မရွှေယင်းမာဦးက ​ယခုလို ​ပြောပါတယ်။

“ကြေညာတာကတော့ ​World ​Monument ​Fund ​ဆိုတဲ့ ​အဖွဲ့အစည်းပေါ့နော်။ ​ဒီယဉ်ကျေးမှု အမွေ အနှစ်တွေကို ​ထိန်းသိမ်းစောင့် ​ရှောက်တဲ့ ​အဖွဲ့အစည်းပေါ့။ ​အဲဒီအဖွဲ့အစည်းက ​၂ ​နှစ်တစ်ကြိမ် လုပ်နေကျ ​World ​Monument ​Watch ​ဆိုတဲ့ ​စောင့်ကြည့်စာရင်းကို ​ထုတ်ပြန်တာ ရှိပါတယ်။ ​ရန်ကုန်ရဲ့ ​မြို့လယ်ခေါင် ကို ​သူတို့က ​ယဉ်ကျေးမှု ​အမွေအနှစ် ​နေရာတစ်ခု ​အဖြစ် ​သတ်မှတ်လိုက်တာပါ။”

မြို့လယ် ​ဧရိယာအတွင်းမှာ ​ရှိတဲ့ ​အချက်အချာကျတဲ့ ​မြို့နယ် ​၆ ​မြို့နယ်နဲ့ ​ဆိပ်ကမ်းမြို့နယ် ​တစ်ခုအတွင်းက ​ရှေးဟောင်း ​အဆောက်အဦးတွေကို ​ယဉ်ကျေးမှု ​အမွေအနှစ်အဖြစ် ​သတ်မှတ်လိုက်တာဖြစ်ပြီး ​အဆောက် အဦး အရေအတွက် ​၈၉ ​လုံး ​ရှိတယ်လို့ ​ဆိုပါတယ်။

ပါဝင်တဲ့မြို့နယ် ​၆ ​မြို့နယ်တွေကတော့ ​လမ်းမတော်၊ ​လသာ၊ ​ပန်းဘဲတန်း၊ ကျောက်တံတား၊ ​ပုဇွန်တောင်နဲ့ ​ဗိုလ်တစ်ထောင် ​မြို့နယ်တွေဖြစ်ပြီး ​အဆိုပါမြို့နယ်တွေနဲ့ ​ထိစပ်နေတဲ့ ​ဆိပ်ကမ်းမြို့နယ်တွေလည်း ​အကျုံးဝင်
တယ်လို့ ​သိရပါတယ်။

ရှေးဟောင်းအဆောက်အဦးတွေအတွက် ​ထိန်းသိမ်းဖို့ ​အကူအညီတွေကို ​ထပ်မံ ​ပေးအုံးမှာ ​ဖြစ်တယ်လို့ လည်း ​ဆိုပါတယ်။ ​ရန်ကုန်မြို့မှာ ​သမိုင်းအမွေအနှစ် ​အဆောက်အအုံ ​စာရင်းဝင် ​၁၈၉ ​လုံးရှိပြီး ​၁၉ ​ရာစုနဲ့ ​၂၀ ​ရာစု ​အစောပိုင်းက ​ကိုလိုနီခေတ် ​ဗိသုကာ ​လက်ရာတွေကို ​အရှေ့တောင်အာရှမှာ ​အများစု ​တွေ့မြင် နိုင်တဲ့ ​နေရာလည်း ​ဖြစ်ပါတယ်။

World ​Monument ​Fund ​ဟာ ​ကမ္ဘာ့ ​အမွေအနှစ် ​စောင့်ကြည့်စာရင်းကို ​၁၉၉၆ ​ခုနှစ်ကတည်းက ​စတင်ပြီး ​၂ ​နှစ် ​တစ်ကြိမ် ​ထုတ်ပြန်ခဲ့တဲ့ ​အဖွဲ့လည်း ဖြစ်တဲ့အကြောင်း သိရှိရပါတယ်။

ABC

No comments: