Sunday, October 06, 2013

သံတွဲ ပဋိပက္ခ သာသနာ့အလံ အသုံးပြုသည်ဆိုသည့် အစိုးရ ထုတ်ပြန်ချက် သံဃာတော်များ ကန့်ကွက်


Sunday, 06 October 2013


နိုင်ငံတော်သမ္မတ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သံတွဲမြို့နယ်၌ ဖြစ်ပွား ခဲ့သည့် ဆူပူ အကြမ်းဖက်မှုများ တွင် သာသနာ့အလံကို အသုံးချ လုပ်ဆောင်ခဲ့သည့်ဆိုသည့် နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်ပြန်ခဲ့သည့် သတင်းကြေညာချက်ကို ကန့်ကွက်ကြောင်း သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဗဟိုဌာန ဥက္ကဋ္ဌ ဆရာတော် ဦးကောသလ္လက မိန့်ကြားသည်။

ယင်းသတင်းကို ပြန်လည် ပြင်ဆင်ပေးရန် အဆိုပါ ရဟန်းတော်များ အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

သာသနာ့ အလံများမှာ နေအိမ်များတွင် နိုင်ငံတော် ဗုဒ္ဓဘာသာနေ့က လွှင့်ထူခဲ့ကြခြင်း ဖြစ်ပြီး အကြမ်းဖက် မှု ဖြစ်စဉ်များတွင် ထပ်မံပြုလုပ်ခြင်း မရှိခဲ့ကြောင်း ဆရာတော် ဦးကောသလ္လက မိန့်ကြားသည်။

သဗြုချိုင် အပါအဝင် ကျေးရွာများ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင် သာသနာ့အလံ ကြိုတင်၍ လွှင့် ထူထားသည့် နေအိမ်များမှာ ဖျက်ဆီးမှုမှ လွတ်မြောက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ခရီးစဉ်တွင် လိုက် ပါ လာသည့် တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် အဖွဲ့ဝင်များ အဆိုပါ ကျေးရွာများကို သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံပိုင် ရုပ်မြင်သံကြားက အောက်တို ဘာလ ၃ ရက်နေ့ ည ၈ နာရီ ထုတ်ပြန် ကြေညာသည့် သတင်းတွင် ထည့်သွင်း ကြေညာခဲ့သည်။

သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော် ဗုဒ္ဓဘာသာနေ့တွင် ဗီနိုင်းများ၊ သာသနာ့ အလံများကို လမ်းများ၊ အိမ်များတွင် လွှင့်ထူမှု ရှိခဲ့ပြီး အလံများကို အကြမ်းဖက်မှုများတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ကွဲပြားစေရန် အသုံးပြုခဲ့ကြောင်း ယင်းသတင်းတွင် ဆက်လက် ဖော်ပြထားသည်။ 

ဆူပူ အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ဒေသခံ ၃၉ ဦးကို ဖမ်းဆီးထားပြီး သံတွဲမြို့ပေါ် မှ ၁၄ဦး၊ ရွှေလှေ၊ သဗြုချိုင်၊ ပေါက်တော၊ မဲကျွန်းကျေးရွာတို့မှ ၂၅ ဦးတို့ကို ဖမ်းဆီးထားကြောင်း သံတွဲခရို င် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။

အမျိုးဘာသာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ ဒေသခံ ခြောက်ဦးကို သံတွဲမြို့ပေါ်တွင် အောက်တိုဘာလ ၅ ရက်နေ့ ည ၈ နာရီခန့်က ထပ်မံ ဖမ်းဆီးခဲ့သဖြင့် အဆိုပါအဖွဲ့မှ ဖမ်းဆီးခံရသူ ၁၁ ဦး အ ထိ ရှိလာပြီ ဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များထံမှ သိရှိရသည်။

အဆိုပါအဖွဲ့မှ အဖွဲ့ဝင်များသည် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှု မရှိခဲ့သည့်အပြင် သံတွဲမြို့ေ ပါ် တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ရဟန်းတော်များနှင့်အတူ ဟန့်တားခဲ့ကြောင်း၊ အကြမ်းဖက် မီးရှို့မှု ဖြစ်စဉ်များမှာလည်း သံတွဲနှင့် မိုင် ၂၀ ကျော်ဝေး ကွာသည့် နေရာများတွင်သာ ဖြစ်ပွားခဲ့သဖြင့် အကြမ်း ဖ က်မှုများတွင် ၎င်းတို့ ပါဝင်ခဲ့သည်ဆိုသည့် စွပ်စွဲမှုမှာ မဖြစ်နိုင်ကြောင်း ဆရာတော် ဦးကောသလ္လက မိန့်ကြားသည်။

သုံးဘီးဆိုင်ကယ်တွင် တပ်ဆင်ထားသည့် သာသနာ့အလံကို စက်တင်ဘာလ ၂၈ရက်နေ့က ငပလီ အထွေ ထွေ ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဦးကျော်ဇံလှက ဖျက်ဆီးသည်ဟုဆိုကာ လူစုလူဝေးဖြင့် ရုန်းရင်းဆန် ခ တ်မှု ဖြစ်ပွားခဲ့ပြီး ဦးကျော်ဇံလှကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် တစ်ရက်အကြာ ဦးကျော်ဇံလှကို အာမ ခံဖြင့် ပြန်လွှတ်လိုက်သဖြင့် ဒေသခံများ မကျေမနပ်ဖြစ်ကာ မီးရှို့၊ အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပွား ခဲ့သည်။

The Voice Weekly

No comments: