Saturday, 05 October 2013
ခွေးရူးကိုက်ခံရသော မြင်းတစ်ကောင်က ကလေးငယ်လေးဦး အပါအဝင် လူခုနစ်ဦးကို ကိုက်ခဲမှုတစ်ခု မရ မ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်တွင် အောက်တိုဘာလ ၄ ရက် နံနက် ၉နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးမနွယ်နွယ်စိုးက The Voice သို့ ပြောကြားသည်။
အဆိုပါ မြင်းသည် ရပ်ကွက်တွင်း ပြေးလွှားကာ အသက်လေးနှစ်အရွယ် မိန်းကလေးမှ အသက် ၂၉ နှစ်အရွ ယ်ရှိ အမျိုးသမီးများ အပါအဝင် လူခုနစ်ဦးကို ကိုက်ခဲခဲ့ပြီး မြင်းကိုက်ခံရ၍ အင်းစိန်မြို့နယ် ပြည်သူ့ဆေး ရုံ တွင် လေးဦး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် သုံးဦး ဆေးကုသမှု ခံယူလျက် ရှိကြောင်း၊ ခွေးရူးရောဂါပိုး ကူးစက်ခံရသည့် မြင်းကို ရပ်ကွက်နေထိုင်သူ အချို့က ရိုက်သတ်ခဲ့ကြောင်း အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးထံမှ သိရှိရသည်။
မြင်း၏ လှုပ်ရှားသွားလာမှုကို မသင်္ကာ၍ သေဆုံးနေသော မြင်းကို နံနက် ၁၀နာရီခန့်က အင်းစိန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါရှာဖွေ ထိန်းချုပ်ရေး ဌာနစုသို့ ပေးပို့စစ်ဆေးခဲ့ရာ ယင်းတွင် ခွေးရူးရောဂါပိုး တွေ့ရှိသည်ဟု ဆေးစာအဖြေ ထွက်ကြောင်း၊ မြင်းကိုက်ခံရသူများမှာ အသက်အန္တရာယ် မစိုးရိမ် ရကြောင်း အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောကြားသည်။
အဆိုပါ မြင်းပိုင်ရှင်သည် အမှတ် (၁) ရပ်ကွက်၊ ရွှေထီးအိမ်ရာတွင် နေထိုင်သူဖြစ်ပြီး မြင်းပိုင်ရှင်သည် အ ကြားအာရုံ ချို့ယွင်းနေသည့် အငှားယာဉ် မောင်းနှင်သူတစ်ဦး ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။
“မြင်းမှာ ခွေးရူးရောဂါပိုး တွေ့တာကြောင့် တိရစ္ဆာန် ဆေးကုဆရာဝန်တွေ ဖွဲ့စည်းထားတဲ့ NGO တစ်ခုက တော့ မြင်းကိုက်ခံရတဲ့ လူတွေကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးပေးသွားတယ်” ဟု ရာအိမ်မှူး ဦးငြိမ်းသူက ပြောဆိုသည်။
အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) ၏ အကူအညီ ပေးမှုဖြင့် စက် တင်ဘာ ၂၈ ရက်မှစတင်ကာ မြန်မာနိုင်ငံ တစ်နိုင်လုံးရှိ ခွေး၊ ကြောင်များကို အခမဲ့ခွေးရူးရောဂါ ကာကွ ယ်ဆေး နှစ်သိန်းကို ထိုးပေးမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်က မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန် ကြီး ဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ကြီးက The Voice သို့ ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment