Saturday, 05 October 2013
ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးအထိ ကုန်စည်စီးဆင်းမှု ရှိနေသည့် ပန်းလှိုင်မြစ်ကြောင်း တိမ်ကောလာမှု ဆိုးရွားနေသော်လည်း ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် မလုံလောက်သဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ခြင်း မရှိသေးကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောကြားသည်။
မြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရန် ကုန်ကျစရိတ် မြင့်မားခြင်းကြောင့် အကြီးစား ပြုပြင်ထိန်းသိမ်းမှုများ မဆောင်ရွက်နိုင်သေးသော်လည်း အသေးစိတ် သုတေသနပြု ကွင်းဆင်း တိုင်းတာမှုများကိုမူ နှစ် အလိုက် ဆော င်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ဘတ်ဂျက် မရှိဘူးဆိုတာ မဖြစ်သင့်ဘူး။ ရေလမ်းကြောင်း အသေးစိတ် ထိန်းသိမ်း ပြုပြင်ရမှာတွေအတွက် ဘတ်ဂျက်ချကို ချထားပေးသင့်ပါတယ်” ဟု Water, Research and Training Centre ရေသုတေသနနှင့် လေ့ကျင့်ပညာပေးရေး စင်တာမှ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်နီနီသိမ်းက ပြောဆိုသည်။
ပန်းလှိုင်မြစ်ကြောင်း တိမ်ကောလာရခြင်းမှာ မြစ်အတွင်း ရေလမ်းကြောင်း အဓိက ပိတ်ဆို့စေသည့် ကျားပို က်များဖြင့် ရေကြောင်းပိတ်ကာ ငါးဖမ်းခြင်းကြောင့် ဖြစ်ပြီး သောင်ဖြစ်ထွန်းမှု များပြားလာခြင်း ကြောင့် လ ည်း ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်း လွင်က သုံးသပ်သည်။
The Voice Weekly

No comments:
Post a Comment