Monday, October 07, 2013

အရက်စိမ်ထားတဲ့မြွေ အသက်ပြန်ရှင်လာတယ်ဆိုတဲ့ အကြောင်းရင်း


 Monday, October 7, 2013 
အရက်စိမ်ထားတဲ့မြွေက အသက်ပြန်ရှင်ပြီး လူကို ကိုက်တယ်ဆိုတဲ့ သတင်း သောကြာနေ့က ဧရာဝတီဘေ လာ့မှာ ဖော်ပြခဲ့ပါတယ်။ ဘာကြောင့် အသက်ပြန်ရှင်လာတာလဲ။ အရက်ကြောင့်လား။ ဗြိတိန်က လာတဲ့ အွ န်လိုင်းသတင်းတပုဒ်မှာရေးထားချက်အရ ဆိုရင် ဒီမြွေက ပြန်ရှင်လာတာ မဟုတ်ဘဲ နဂိုကတည်းက မသေ သေးတာလို့ သဘောပေါက်ရပါတယ်။ မြွေဆိုတဲ့ သတ္တ၀ါမျိုးက ခွေပြီးတော့ ကာလအတန်ကြာ အိပ်နေတ တ်တယ်၊

အသက်ရှင်နေတတ်တယ်၊ သို့သော်လည်း အောက်စီဂျင်တော့ လုံလုံ လောက်လောက် ရှိရမယ်၊ဖြစ် နိုင်တာက အရက်ပုလင်းကို လုံအောင် ပိတ်မထားမိတာမျိုးပါ။ ဒါက တရုတ်ပြည် Heilongjiang ပြည်နယ် Shuan gcheng မြို့မှာ ဖြစ်ခဲ့တာပါ။ တရုတ်ပြည်မှာ အရက်ပုလင်းထဲ မြွေစိမ်ပြီး အဲဒီအရက်ကို ကျန်းမာရေး အတွ က် သောက်သုံးလေ့ရှိပါတယ်။ အခုတော့ အဲဒီအရက်က အစွမ်းမပြခင် မှာ မြွေကိုက်လို့ ဆေးရုံရောက် ခဲ့ရ ပါတယ်လို့ သူက ပြောဆိုကြောင်းကိုလည်း သတင်းမှာ ဟာသနှောထားပါတယ်။ ဒီအမျိုးသမီးက ဆေးရုံမှာ ကုသမှုခံယူပြီး ဆေးရုံဆင်းသွားပါတယ်တဲ့။ ကံကောင်းထောက်မစွာပဲလို့ ဆိုရပါမယ်။ ကံမကောင်း တာကေ တာ့ အဲဒီ မြွေ ဖြစ်ပါတယ်။ မြွေကို သတ်လိုက်ကြတယ်လို့ ဆိုပါတယ်။

ဧရာဝတီblog

No comments: