Monday, October 7, 2013
ရခိုင်ကမ်းမြောင်ဒေသ၌ ကုန်းတွင်းရေနံ တူးဖော်မှုများကို ရှေးဦးမဆွကပင် လုပ်ကိုင်နေခဲ့ကြကြောင်းနှင့် ကုန်းတွင်းရေနံ လုပ်ကွက်များ သတ်မှတ်ကာ တူးဖော်မှုများ ဆောင်ရွက်ခဲ့ရာ အောင်မြင်ခြင်း မရှိခဲ့ဘဲ ၂၀၀ ၉ ခုနှစ်
နောက်ပိုင်းမှစကာ ရပ်နားထားဆဲဖြစ်ကြောင်း သိရသည်။
ကုန်းတွင်းရေနံ လုပ်ကွက်ကို နှစ်ကွက် သတ်မှတ် ထားရှိပြီး လုပ်ကွက်၌
ကျောက်ဖြူခရိုင် (ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်) ဒေသများ ပါဝင်ပြီး ကုန်းတွင်းလုပ်ကွက် L ၌မူ စစ်တွေခရိုင် မြို့နယ်များနှင့် မောင်တောခရိုင် မြို့နယ်များ ပါဝင်သည်။
၂၀၀၆ ခုနှစ်တွင် လေးတောင်ဒေသ (သရက်ချို) ရေနံမြေ၊ လုပ်ကွက် L ၌ ပါရှိသည့် စစ်တွေမြို့နယ်၊ ဂန့်ေ ဂ်ါကျွန်း ကျေးရွာနှင့် ညိုရောင်ချောင်း
ကျေးရွာများ၌ အစမ်းတွင်းများ တူးဖော်ထုတ်ယူ ခဲ့သည်။ ၂၀၀၈ ခုနှ စ်တွင် ဂန့်ဂေါ်ကျွန်းကျေးရွာ အစမ်းတွင်းနှင့် ၂၀၀၉ ခုနှစ်တွင် ညိုရောင်ချောင်းကျေး
ရွာ အစမ်းတွင်းနှစ် တွ င်းကို တူးဖော်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ဘဲ ရပ်နားခဲ့သည်။
၂၀၀၄ ခုနှစ်ကလည်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE သည် စစ်တွေမြို့နယ်၊ ကျားမသောက် (ကျောက်တန်းချေ) ကျေးရွာနှင့် ဂန့်ဂေါ်ကျွန်းကျေးရွာများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ရခိုင်ကမ်းမြှောင် ဒေသအတွင်း ၁၉၈၈ ခုနှစ် မတိုင်မီ ကာလက ရေနံရှာဖွေ ထုတ်ယူမှုများ ရှိခဲ့ပြီး ရခိုင်က မ်းလွန် ရေပြင်ဒေသနှင့် ကုန်းတွင်းပိုင်း
ရေနံတွေ့ရှိနိုင်မှု အခြေအနေများကို သိရှိရန် ၁၉၆၈ ခုနှစ်မှ စတင် ပြီး ဆိုက်စမစ် တိုင်းတာရေးများကို ဂျပန်ကုမ္ပဏီများ၊ ပြင်သစ်ကုမ္ပဏီများနှင့် ပူးပေါင်း၍ လုပ်ကိုင်ခဲ့ ကြေ ကြာင်း၊ ၁၉၇၂-၁၉၇၄ ခုနှစ်များ အတွင်းကလည်း
မြန်မာ့ရေနံ ကော်ပိုရေးရှင်းမှ ရသေ့တောင်မြို့နယ်၊ မိုး ဇီကျွန်းရှိ ကူတောင်ဒေသ၊ စေတီပြင် ဒေသတို့တွင် ရေနံတူးဖော်မှုများကို စမ်းသပ်ပြုလုပ်ခဲ့ကြောင်း သိရ သည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ဆောင်ရွက်ချက်များမှာ
အောင်မြင်ခဲ့ခြင်း မရှိသော် လည်း အဆိုပါ နေရာများ၌ ဒေသခံ လုပ်ငန်းရှင်
များကသာ တစ်ပိုင်တစ်နိုင် အနေဖြင့် လက်ယက်တွင်း င ယ်များတူးဖော်
ထုတ်ယူနေကြပြီး ရမ်းဗြဲကျွန်းနှင့် ကျောက်ဖြူမြို့နယ်များမှ ရရှိသည့်
ရေနံစိမ်းများကို ဒေ သအတွင်းတွင်ပင် ချက်လုပ်ပြီး ဓာတ်ဆီ၊ ရေနံဆီ၊ ဒီဇယ်ဆီ၊ ရေနံချေးများ ထုတ်ယူ၍ ရောင်းချခြင်း၊ ဒေသ တွင်း မော်တော်
ငယ်များ၊ ထော်လာဂျီ ယာဉ်များနှင့် ကျေးရွာများတွင် မီးအိမ်များ၌ အသုံးပြုခြင်း ရှိနေကြ သည်။
၁၉၇၂-၇၃၊ ၁၉၇၃-၇၄ ခုနှစ်များကလည်း စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ကူတောင်နှင့်၊ စေတီတောင် (အတွင်းပြင်)ဒေသများ၊ ၁၉၈၀ ပြည့်လွန်နှစ်
များက ပေါက်တောမြို့နယ်၊ ဖရုံကာကျွန်းနှင့် မာန်အောင် ကျွန်းများတွင်
လည်း မြန်မာ့ရေနံ လုပ်ငန်းမှ ရေနံများ စမ်းသပ်တူးဖော် ခဲ့သော်လည်း
အောင်မြင်ခြင်း မရှိခဲ့ ကြောင်း သိရသည်။
လက်ရှိတွင် ရမ်းဗြဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်များတွင် ပုဂ္ဂလိကများက လက်ယက် တွင်းငယ်များဖြင့် စီးပွားဖြစ် ထုတ်ယူလျက် ရှိနေကြပြီး မာန်အောင်ကျွန်းနှင့် ဖရုံကာ ကျွန်းများတွင်လည်း ပု ဂ္ဂလိက လုပ်ငန်းရှင်
များက အသေးစား တွင်းငယ်များ တူးဖော်ထုတ်ယူကာ ဒေသတွင်း သုံးစွဲနိုင်ရန် အတွ က် ရောင်းချလျက် ရှိနေကြသည်။
eleven media group

No comments:
Post a Comment