Wednesday, October 09, 2013

နှစ်တစ်ရာသက်တမ်းရင့် သစ်ပင်ကြီးစည်ပင်အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် ခုတ်လှဲ



Wednesday, October 9, 2013 
မကွေးမြို့လမ်းငါးဂွရှိနှစ်၁၀၀သက်တမ်းရင့်ကုက္ကိုပင်ကြိးအားယခုဆောက်လုပ်လျှက်ရှိသောအဆင့်မြင့်၃ထပ်ဈေးအားအနှောက်အယှက်ပြုနိုင်သည်ဟုယူဆရသောကြောင့် မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၏ ဆုံးဖြ တ်ချက်ဖြင့် ခုတ်လှဲရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လွတ်ကင်းတဲ့အကိုင်းအလက်တွေကိုခုတ်ဖို့ပါ၊ဒါပေမဲ့ခုတ်ရမဲ့အနေအထားကငုံးတိုကြီးအထိခုတ်ရမှာဆိုတော့၊မြို့လည်ခေါင်မှာရှိတာရယ်၊အဆောက်အဦးမှန်တွေကိုထွက်လာမဲ့အကိုင်းအလက်တွေကလာပြီးထိခိုက်နိုင်တာကြောင့် အဖွဲ့ရဲ့ဆုံးဖြတ်ချက်ယူခဲ့တာပါ” ဟုစည်ပင် လက်ထောက်ညွှန်ကြားရေးမှူးမှ ရှင်းပြခဲ့ သည်။ယခင်ရွှေလှရောင် စား သောက် ဆိုင်နေရာအားဖျက်သိမ်း၍ အဆင့်မြင့်(၃)ထပ်ဈေးဆောက် လုပ်နို င်ရန်(LEGACY GROUP) မှတာ ၀န်ယူဆောက်လုပ်နေခြင်းဖြစ်သည်။

ဒါမျိုးဆိုတာကသေချာတွက်ချက်စဉ်းစားပြီးမှလုပ်သင့်တယ်ဗျ၊ဖွံ့ဖြိုးတိုးတက်မှုရှိလာတာမှန်ပေမဲ့၊ပတ်ဝန်းကျင်အများအကျိုးသက်ရောက်မှုကိုကြည့်ဖို့လိုမယ်ဗျ၊လမ်းဘေးမှာပေါက်နေတဲ့ သက်တမ်း ရင့် သစ်ပင် တစ်ပင်ကို ပုဂ္ဂလိကအကျိုးစီးပွားအတွက် ဖြိုဖျက်ပြစ်တယ် လို့မြင်ပါ တယ်၊” ဟုသ ဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး လူမှုအကျိုးပြုလုပ်နေသော ကိုမျိုးမြင့်ဦး(Green Net Work)မှ မှတ် ချက်ပြု ပြောသည်။
မကွေးမြို့အထင်ကရလမ်းမကြိးပေါ်ရှိ သက်တမ်းရင့်သစ်ပင်ကြိးများမှာ တိုးတက်လာသောအဆော က်အဥိး များဆောက်လုပ်လာရာမှ အပြီးတိုင်ခုတ်ထွင်ရှင်းလင်းခံနေရသည်ဟု၎င်းကဆက်လက် ဆိုသည်။ပြည် တော်သာတိုက်များဝန်းအတွင်းရှိသစ်ပင်များမှာလည်းခုတ်လှဲခံခဲ့ရသည်။

မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနသို့သွားရောက်မေးမြန်းခဲ့ရာယခင်ကသစ်ပင်ကြီးများခုတ်မည်ဆိုလျှင်မြို့နယ်စည်ပင်သာယာရေးကော်မတီကတိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြပြီး၊သစ်တောဦးစီးဌာနသို့အကြံပြုချက်တောင်းခံလေ့ရှိသော်လည်း ယခုသစ်ပင်ခုတ်လှဲခြင်းနှင့်ပတ်သက်၍ တစ်စုံ တစ်ရာအကြော င်းကြားထားခြင်းမရှိဟုဖြေကြားခဲ့သည်။မကွေးတိုင်းဒေသသည်ယခင်တပ်မတော်အစိုးရလက်ထက်တွင်ကိုးခရိုင်စိမ်းလန်းစိုပြေရေးစီမံချက်တွင်အဓိကပါဝင်ခဲ့သည်ဟုသိရသည်။

Popular Myanmar News Journal

No comments: