Saturday, October 05, 2013

ဂျပန်ဆန်တင်ဒါ မြန်မာ ဒုတိယအကြိမ် ဝင်ပြိုင်မည်


Saturday, 05 October 2013
ဂျပန်နိုင်ငံ၏ ဆန်တင်ဒါ ပြိုင်ပွဲတွင် ဆန်တန်ချိန် ၆၀၀၀ တင်ပို့ခွင့်ရရှိရေး အတွက် မြန်မာနိုင်ငံက ဝင်ရော က် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြန်မာ့ လယ်ယာစီးပွား အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြား သည်။

ဂျပန်နိုင်ငံသည် အရည်အသွေး ထိန်းချုပ်ရေးတွင် ထိပ်တန်းနိုင်ငံ ဖြစ်သောကြောင့် ဂျပန်သို့ ဆန်တင်ပို့ခွင့် ရရှိခြင်းသည် မြန်မာ့ဆန်စပါး ကဏ္ဍအတွက် အလားအလာကောင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ယခုဘဏ္ဍာနှစ်အတွင်း ဂျပန်နိုင်ငံ အပါအဝင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သိန်း တင်ပို့မည် ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးချစ်ခိုင်က ပြောဆိုသည်။

အဆိုပါ ဆန်တင်ဒါကို ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက ပြုလုပ်ခြင်း ဖြစ်ပြီး ယခုလအတွင်း ဂျပန်နိုင်ငံက တင်ဒါခေါ်ယူမည် ဖြစ်ကြောင်း၊ ရက်အတိအကျကိုမူ မသိရှိရသေးကြောင်း မြ န်မာ့လယ်ယာစီးပွား အများပိုင် ကုမ္ပဏီလီမိတက်မှ ဒေါက်တာစိုးထွန်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပို့ကုန် မဟာဗျူဟာကို ရေးဆွဲလျက်ရှိရာ ဆန်သည် အ မျိုးသားပို့ကုန် မဟာဗျူဟာ စာရင်းဝင်ဖြစ်ပြီး ယခုနှစ်အတွင်း တန်းမြင့်ဆန် ပိုမိုထုတ် လုပ်၍ ပြည်ပသို့ တင် ပို့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ရှေ့လုပ်ငန်းစဉ်များတွင် ဖော်ပြထားသည်။

ယခုဝင်ရောက် ယှဉ်ပြိုင်မည့် ဂျပန်ဆန် တင်ဒါသည် မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ်မြောက် ပြိုင်ပွဲ ဖြစ် သည်။

ဧပြီလက ဂျပန်ဆန်တင်ဒါကို ပထမအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ပြီး နောက်တွင် ဆန်တန်ချိန် ၅၀၀၀ တင်ပို့ ခဲ့သည်။

ယင်းတင်ဒါ ပြိုင်ပွဲတွင် မြန်မာ့ လယ်ယာစီးပွား အများပိုင်ကုမ္ပဏီ လီမိတက်သည် ဂျပန်နိုင်ငံ မစ်ဆူရီကုမ္ပ ဏီနှင့် ပူးပေါင်း၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments: