Sunday, October 06, 2013

အက်ရှင်ခန်းများကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ရန် အမိုင်ယာ ဆုံးဖြတ်


Sunday, 06 October 2013
နာမည်ကျော် ဘောလိဝုဒ် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အမိုင်ယာဟာလက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်ကားထဲက စွန့်စွန့်စားစား ရိုက်ကူးရမယ့် အခန်းတွေမှာ လူစားထိုး စတန့်သရုပ်ဆောင် အသုံးမပြုဘဲ ကိုယ်တိုင် သရုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်လို့ timesofindia.com မှာ ဖော်ပြထားပါတယ်။

အမိုင်ယာဟာ လက်ရှိအချိန်မှာ Anegan လို့ အမည်ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကား တစ်ကားမှာ ပါဝင်သရုပ် ဆောင်နေတာ ဖြစ်ပြီး အဲဒီဇာတ်ကားထဲမှာ စွန့်စွန့်စားစား သရုပ်ဆောင်ရမယ့် ဇာတ်ဝင်ခန်းတွေ ပါဝင်ပါ တယ်။

အမိုင်ယာဟာ အခုလိုအက်ရှင် ဇာတ်ဝင်ခန်းတွေကို စတန့်သရုပ်ဆောင် မသုံးဘဲ ကိုယ်တိုင် သရုပ်ဆောင် ဖို့ ဆုံးဖြတ် လိုက်တဲ့အတွက် လိုအပ်တဲ့ လေ့ကျင့်မှုတွေနဲ့ ကိုယ်ခံပညာအချို့ကို သင်ယူနေရပြီ ဖြစ်ပါတယ်။

“ဒီဇာတ်ကားမှာ ပါဝင်တဲ့ အက်ရှင်ခန်းတွေက နိုင်ငံတကာ ရုပ်ရှင်ကားတွေထဲကလိုပါပဲ။ အဲဒါကြောင့် အခု ကျွန်မ Charlies Angels, Silver Hawk တို့လို ကားမျိုးတွေကို ကြည့်ပြီး လိုအပ်တဲ့ နည်းစနစ်တွေနဲ့ ကိုယ် နေဟန်ထားတွေကို လေ့လာနေပါတယ်။ ကျွန်မက စတန့်ခန်းတွေကို အခုမှစပြီး ကိုယ်တိုင် သရုပ်ဆောင် ရမှာပါ။ စပြီးလေ့ကျင့်ခါစကဆို မျက်ရည်တောင် ကျမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ်က အရမ်း ပင်ပန်း ခက်ခဲပြီးတော့ ကျွန်မကလည်း ဒီလိုမျိုးပင်ပန်း ကြမ်းတမ်းတဲ့ လေ့ကျင့်ခန်းမျိုးတွေ တစ်ခါမှ မလုပ် ဖူးလို့ပါ” လို့ အမိုင်ယာက ဆိုပါတယ်။

ဒါ့အပြင် အမိုင်ယာက လက်ရှိသူ သရုပ်ဆောင်နေရတဲ့ ဇာတ်ဝင်ခန်းတွေ အကြောင်းကို အသေးစိတ် ထုတ် ဖော်ပြောနိုင်ခြင်း မရှိသေးပေမယ့် အားလုံးကို ဒါရိုက်တာရဲ့ ညွှန်ကြားချက်အတိုင်း အကောင်းဆုံး လုပ်ေ ဆာင်နိုင်ခဲ့တယ်လို့လည်း ပြောကြားထားပါတယ်။

The Voice Weekly

No comments: