Monday, October 21, 2013

CDMA ဆင်းမ်ကတ် ရောင်းချမှုရပ်ဆိုင်း


Monday, October 21, 2013

CDMA ဆင်းမ်ကတ် ရောင်းချမှုရပ်ဆိုင်းမြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဧပြီလမှ စတင်၍ အလုံးရေ အကန့်အသတ်ဖြင့် လစဉ်ဖြန့်ချိနေသည့် ကျပ် ၁၅၀၀ တန် CDMA 800MHz မိုဘိုင်းလ် ဆင်းမ်ကတ်များကို အောက်တိုဘာလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) က ထုတ်ပြန်သည်။

ဧပြီလမှ ဇွန်လအထိ လစဉ် CDMA ကတ် သုံးသိန်းငါးသောင်းကို ဖြန့်ချိခဲ့ပြီး ဇူလိုင်လမှစက်တင်ဘာလအထိ လစဉ် ကတ် တစ်သိန်းငါးသောင်းသို့ လျှော့ချခဲ့ရာမှ ယခုလတွင် ရောင်းချမှု လုံးဝ ရပ်ဆိုင်းလိုက်ခြင်း ဖြစ် သည်။ "လိုင်းထပ်တိုးလို့ မရတော့ဘူး။ အဲ့ဒါကြောင့် ရပ်လိုက်တာ" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။ CDMA လိုင်း တပ်ဆင်အားကို ထပ်မံတိုးချဲ့ခြင်း မရှိသည့် အတွက် ဖုန်းလိုင်း ထပ်တိုးရောင်းချရန် မဖြစ်နိုင်ကြောင်း၊ CDMA ဖုန်းကတ်များ ထပ်မံရောင်းချရန် အစီအစဉ်ရှိ မရှိမှာမူ MEC က လိုင်းအင်အား ထပ်တိုး မတိုးအပေါ် မူတည်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ CDMA ကတ်များ ရောင်းချမှု ရပ်ဆိုင်းလိုက်သဖြင့် အောက်တိုဘာလအတွက် GSM/WCDMA ဖုန်းလိုင်းများကို သုံးသိန်းခြောက်သောင်းအထိ တိုးမြှင့်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ခွဲဝေဖြန့်ချိမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်၍ GSM ကတ် ၂၅၈,၀၀၀ နှင့် WCDMA ကတ် ၁၀၂,၀၀၀ ကို ခွဲဝေရောင်းချမည် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် စုစုပေါင်း ကတ် ခုနစ်သောင်းကျော် အများဆုံး ရောင်း ချမည် ဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်အရ ဧပြီလမှစတင်၍ CDMA ကတ် ၁ ဒသမ ၅ သန်းနှင့် GSM နှင့် WCDMA ကတ် စုစုပေါင်း ခြောက်သိန်းကျော် ရောင်းချထားပြီးဖြစ်သည်။ 

 The Voice Journal 

No comments: