Monday, October 7, 2013
"၀" ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရေးကို သဘောတူသော်လည်း အစိုးရက ပြုလုပ်ရန် ရှိနေေ သာ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်
အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန် ချက် ချင်းဆုံးဖြတ်
ထားခြင်း မရှိသေးကြောင်း "၀" သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)
၏ ပြောရေးဆို ခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က အောက်တိုဘာ ၆ ရက်တွင် Weekly Eleven ဂျာနယ်သို့ ပြောကြားသည်။
အောက်တိုဘာ ၄ ရက်က အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိ ယဥက္ကဋ္ဌ ဦးသိန်းဇော်ဦးဆောင်သော
ကိုယ်စားလှယ် အဖွဲ့နှင့် "၀" သွေးစည်းညီညွတ်ရေး ပါတီမှ ဒုတိယဥ က္ကဋ္ဌ ဦးရှောက်မီလျံတို့ UWSP ဌာနချုပ် ပန်ဆမ်းမြို့၌ တွေ့ဆုံစဉ် ယင်းကဲ့သို့
ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစိုးရက ပြုလုပ်ရန် ရှိနေသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချု ပ်လက်မှတ်ရေးထိုးပွဲကို တရားဝင် ဖိတ်ကြားသည် ဆိုပါက တက်ရောက်မည် ဖြစ်သော်လည်း ပါဝင်လက် မှ တ် ရေးထိုးရေးမှာ ကျန်ရှိသော တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးပါဝင်ပြီး စာချုပ်တွင် ပါဝင်မည့် အ ချက်များအပေါ် အစိုးရဘက်က ပွင့်လင်းစွာ ထုတ်ဖော်ပြော
ကြားရေး အပေါ်တွင်သာ မူတည်ကြောင်း ဦးေ အာင်မြင့်က ပြောကြားသည်။
"ကျွန်တော်တို့ အကြံပြုလိုက်တာက ကြိုတင်ပြီး ပြင်ဆင်ဖို့ လိုတယ်ပေါ့။ အချက်အလက်တွေရော အားလုံး ပြီးအောင် လို့ပေါ့ဗျာ။ အဖွဲ့အစည်းအားလုံး။ ကျွန်တော်တို့ အဖွဲ့အစည်းက ဒီလိုပဲလေ။ အခု ဆွေးနွေးမယ် ဆိုရင် ဦးသိန်းဇော်ကနေပြီး ဒီဆွေးနွေးပွဲကို တရားဝင် ဖိတ်တယ်။ ကျွန်တော်တို့ကလည်း တရားဝင် ဖြေ ကြားပါတယ်။ တရားဝင် ဖိတ်လို့ရှိရင် ကျွန်တော်တို့လည်း ပါဝင်တက်ရောက်မယ်။ ဒါပေမဲ့ ပါဝင်တက် ရော က်မယ့် အချိန်မှာ အခုထက်ထိတော့ ဒီဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးမလဲ။ ဒီအချက်အလက်တွေ ပေါ်မှာ ဘယ်လို အချက်အလက်တွေ အခြေပြုပြီး လက်မှတ်ရေးထိုးမလဲ ဆိုတာ ကျွန်တော်တို့ မသိတဲ့အတွက်၊ ကျွ န်တော်တို့ အဖွဲ့အစည်း အနေနဲ့ပဲလည်း ဘယ်သူတစ်ယောက်ကနေပြီးတော့ သူ့ဆန္ဒနဲ့ လက်မှတ်ရေးထိုး မရတဲ့အတွက်၊ အကယ်၍ ဟိုအချိန်မှ ဆွေးနွေးပွဲ လုပ်မယ်။ ဟိုအချိန်မှ ချပြမယ်။ ဟိုအချိန်မှ တန်းပြီးလက် မှတ် ထိုးရမယ်ဆိုရင် ကျွန်တော်တို့က အများသဘောနဲ့ ဆွေးနွေးပြီးမှ၊ ဗဟိုကော်မတီက ဆွေးနွေးပြီးတော့ မှ၊ သဘောတူညီချက်ရမှ လက်မှတ်ထိုးနိုင်မယ့်အတွက် တန်းပြီးတော့ ဆွေးနွေးပွဲမှာ ထိုးနိုင်ချင်မှ ထိုးနိုင်မ ယ်ဆိုပြီး ဒီသဘော ဆွေးနွေးထားပါတယ်" ဟု ဦးအောင်မြင့်က ပြောကြားသည်။
တိုင်းရင်းသားတွေမှာ မှတ်ပုံတင် မရှိကြဘူး။ မှတ်ပုံတင် မရှိကြတော့ တစ်ဖက်နိုင်ငံ သွားဖို့ဆိုရင်လည်း မှ တ်ပုံတင် မရှိဘူး။ ပြည်မကို ဆင်းဖို့ကျတော့လည်း မှတ်ပုံတင် မရှိတော့ သွားလို့မရဘူး ဖြစ်နေတယ်။ ဒီလို အခြေအနေက ဒေသဖွံ့ဖြိုးရေး အတွက်ရော၊ ပြည်သူလူထု ကူးလူးဆက်ဆံမှုအတွက်ရော တော်တော်လေး ခက်တဲ့ . . . . .
"ကျွန်တော်တို့ရဲ့ အကြံပြုချက်က ဒီကိစ္စကို ဖြေရှင်းနိုင်အောင်အတွက် ကျွန်တော်တို့ အဖွဲ့ အစည်းတင် မကဘူး။ တခြားငြိမ်းချမ်းရေး အဖွဲ့အားလုံး ကြိုတင်ပြီးတော့ အရင်ညှိနှိုင်း ဆောင်ရွက်ပြီးတော့ လုပ်တာက ပိုသင့်တော်မယ်။ ကျွန်တော်တို့ အချက်အလက်တွေ အားလုံးကြည့်ပြီးပြီ။ ဗဟိုမှာ အားလုံးဆွေး နွေးပြီးပြီ။ သဘောတူတယ်ဆိုရင် ဒါကတော့ ပြဿနာ မရှိတော့ဘူးပေါ့" ဟု ဦးအောင်မြင့်က ဆိုသည်။
ထို့အပြင် အစိုးရဘက်က ကမ်းလှမ်းထားသည့် ၂၀၁၄ ခုနှစ် နိုင်ငံလုံးကျွတ် သန်းခေါင်စာရင်း ကောက် ယူ ရေးတွင် "၀" ဒေသ ပါဝင်နိုင်ရေးအတွက် ဆွေးနွေးမှုတွင် သန်းခေါင်စာရင်း ကောက်ယူရေးကို "၀" သွေးစ ည်းညီညွတ်ရေး ပါတီက သဘောတူခဲ့ကြောင်း သိရသည်။
"ပြည်လုံးကျွတ် လာမယ့်နှစ်မှာ သန်းခေါင် စာရ င်းကောက်ဖို့ ရှိတယ်။ ဒါကတော့ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ အချက်အ လက်တွေပဲလေ။ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ နားလည်ပါတယ်။ ကျွန်တော်တို့ "၀" ဒေသမှာ "၀" တိုင်းရင်းသားတွေ ဆိုရင်ပေါ့ဗျာ။ သန်းခေါင်စာရင်း ကောက်တာမျိုးက တစ်ခါမှ မရှိဘူးဗျ။ နောက်ပြီး မြန်မာပြည် တိုင်းရင်းသားပါဆိုပြီး ကျွန်တော်တို့က ခံယူထားတယ်။ ဒါပေမဲ့ တောင်ပေါ်ဒေသ ဖြစ်နေတဲ့အတွက် နယ်စွန်နယ်ဖျားမှာ ဖြစ်နေတဲ့အတွက် ဟိုးရှေးခေတ်က အစိုးရကလည်း ဒီကိစ္စကို သိပ်ပြီးတော့ အလေးမ ထားတဲ့ အတွက်ပေါ့ဗျာ။ တိုင်းရင်းသားတွေမှာ မှတ်ပုံတင် မရှိကြဘူး။ မှတ်ပုံတင် မရှိကြတော့ တစ်ဖက် နို င်ငံ သွားဖို့ဆိုရင်လည်း မှတ်ပုံတင် မရှိဘူး။ ပြည်မကို ဆင်းဖို့ကျတော့လည်း မှတ်ပုံတင် မရှိတော့ သွားလို့မ ရဘူး ဖြစ်နေတယ်။ ဒီလို အခြေအနေက ဒေသဖွံ့ဖြိုးရေး အတွက်ရော၊ ပြည်သူလူထု ကူးလူးဆက်ဆံ မှုအ တွက်ရော တော်တော်လေး ခက်တဲ့ကိစ္စ ဖြစ်နေတယ်။ အဲဒါကြောင့် လာမယ့်နှစ်မှာ သန်းခေါင်စာရင်း ကောက်ဖို့ ဒါကတော့ နိုင်ငံတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ ကျွန်တော်တို့ကလည်း ထောက်ခံ ပါတ ယ်" ဟု ဦးအောင်မြင့်က ဆိုသည်။
ထိုသို့ ကောက်ယူရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ဘာသာစကား အခက်အခဲများ ရှိခြင်းကြောင့် "၀" ဒေသမှ ၀န်ထမ်းများက သန်းခေါင်စာရင်း ကောက်ယူမှု အဆင့်များကို သင်ယူပြီး လုပ်ဆောင်မည် ဟု သိရသည်။
"၀" ဒေသတွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးကို စီမံကိန်းချပြီး ပြုလုပ်နေရာ လက်ရှိအချိ န်တွင် ဘိန်းအစားထိုး သီးနှံအဖြစ် ရော်ဘာစိုက်ပျိုးခြင်းကို လုပ်ဆောင်ခဲ့ရာ ရော်ဘာဧက နှစ်သိန်းကျော် ရှိ နေပြီဖြစ်ကြောင်းနှင့် အဆိုပါ ရော်ဘာစိုက်ခင်းများအတွက် အလုပ်သမား လိုအပ်ချက် နှစ်သိန်းကျော် ရှိနေ ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ အလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အခြားပြည် နယ်များမှ အလုပ်သမားများ "၀" ဒေသတွင် လာရောက်အလုပ် လုပ်ကိုင်ခွင့်ပြုရန် အစိုးရဘက်က ဆွေးေ နွးခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးမှုကို "၀" သွေးစည်းညီညွတ်ရေး ပါတီက လက်ခံသော်လည်း အစိုးရဘက်က စေလွှတ်ခြင်း မ ဟုတ်ဘဲ သက်ဆိုင်ရာ ကုမ္ပဏီများ၏ စီစဉ်မှုဖြင့် ခေါ်ယူခြင်းကိုသာ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ ကြောင်း သိရသည်။
ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၄ ရက် တစ် ရက်တည်းတွင်သာ "၀" သွေးစည်းညီညွတ်ရေး ပါတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၅ ရက်တွင် မိုင်းလားအဖွဲ့နှင့် တွေ့ဆုံရန် ပန်ဆန်းမြို့မှ ထွက်ခွာသွားကြောင်း ဦးအောင်မြင့်၏ ပြောကြား ချ က်အရ သိရသည်။
eleven media group

No comments:
Post a Comment