Saturday, November 09, 2013
ပြည်ပနိုင်ငံများမှ Animation ကုမ္ပဏီများ ပြည်တွင်း ဝင်ရောက်လာသဖြင့် လုပ်ငန်း ယှဉ်ပြိုင်နိုင်ရန် မြန်မာ Animation လုပ်ငန်းလေးဖွဲ့ ပူးပေါင်း၍ Epic Media ကို တည်ထောင်လိုက်ကြောင်း အဆိုပါ ကုမ္ပဏီ၏ အ မှုဆောင် အရာရှိချုပ် ဦးမောင်မောင်ဆန်းက ပြောကြားသည်။
၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေး အသိုက်အဝန်း စတင်ဆောင်ရွက်ခြင်းကြောင့် ပြည်ပ Animation ကု မ္ပဏီများနှင့် ယှဉ်ပြိုင်ရာတွင် လုပ်ငန်း တစ်ခုတည်း ရပ်တည်ပါက ယှဉ်ပြိုင်နိုင်ရန် ခက်ခဲသောကြောင့် ပူးေ ပါင်းရခြင်း ဖြစ်ကြောင်း Animation Creative Director ဖြစ်သူ ဦးဇော်ဘိုဘိုဟိန်းက ပြောဆိုသည်။
ပြည်တွင်းမှ ဖန်တီးသော Animation များနှင့် နိုင်ငံတကာ Animation များအကြား အရည်အသွေး ကွာခြားမှု သိပ်မများသော်လည်း အသုံးပြုသော စက်များနှင့် ငွေကြေးအင်အား ကွာခြားသောကြောင့် မယှဉ်ပြိုင် နိုင်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ဆီမှာ Animation ဖန်တီးရင် တီးလုံးလည်း ကျွန်တော်ပဲ။ တစ်ခုလုံး ကျွန်တော်ပဲ ဖြစ်နေ တ ယ်” ဟု ၎င်းကဆိုသည်။
ပြည်တွင်း ကာတွန်းများမှာ အရုပ်လှုပ်ရှားမှုနှင့် နောက်ခံအသံ အသုံးပြုမှုများတွင် ပြည်ပနှင့် အလွန်ကွာခြားကြောင်း လေ့လာသူများက ဆိုသည်။
Epic Media က Animation များ ဖန်တီးရာတွင် အရည်အသွေးကို အဓိကထားမည် ဖြစ်ပြီး လုပ်ငန်းအကြီး စားများ ဖန်တီးရာတွင် ရင်ဆိုင်ရသော အချိန် ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း Visual Effect ပ ညာရှင် ဦးလင်းထက်မော်က ပြောကြားသည်။
Epic media ကို ရိုးရာလေး၊ omni၊ Star hazer နှင့် Gambi Animation လုပ်ငန်းလေးခု ပူးပေါင်း တည်ေ ထာင်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
စက်တင်ဘာလ အတွင်းကလည်း ဂျပန် Animation ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်းရှိ KaungHtet Group of Company တို့ ပူးပေါင်း၍ ADK KH Myanmar Co., Ltd. ကို တည်ထောင်ရန် လက်မှတ်ရေးထိုးခဲ့သည်။
The Voice Weekly

No comments:
Post a Comment