Friday, November 08, 2013

နာဂစ်ထက်ဆိုးတဲ့ ဟိုက်ယန် မုန်တိုင်းဖိလစ်ပိုင်ကို ၀င်ရောက် မြန်မာပြည်ဘက် ဦးတည်နိုင်


Thursday, November 8, 2013 
လွန်စွာအင်အားပြင်းထန်သည့် စူပါတိုက်ဖွန်းမုန်တိုင်း ဟိုက်ယန် ( Super Typhoon Haiyan)သည် ယနေ့ နံနက် ၁၀နာရီ ခန့်မှ စ၍ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကျွန်းများကို အရှိန်ပြင်းစွာဖြင့် ၀င်ရောက်တိုက်ခက် လျှက်ရှိကြောင့် နိုင်ငံတကာသတင်းများ တွင် Breaking News အဖြစ်ဖော်ပြလျှက်ရှိသည်။ မုန်တိုင်း အရှိန် ကြောင့် ဖိလစ်ပိုင် ကမ်းရိုးတန်းတစ်လျှောက် လှိုင်းမြင့် ၄.၅ မီတာ (၁၅ ပေနီပါး) ထိမြင့်တက် လျှက်ရှိ ကြောင်းနှင့် လေတိုက်နှုန်းများ တစ်နာရီလျှင်မိုင် ၁၈၀ ထိရှိကြောင်းသိရသည်။

 ဖိလစ်ပိုင်တစ်နိုင်ငံလုံး ပြည်နယ် ၂၀ တွင် မုန်တိုင်းဒဏ်ခံစားရလျက်ရှိကြောင်း နှင့် မုန်တိုင်းဒဏ်အပြ င်း ထန်ဆုံးခံစားရသည့် ပြည်နယ်များမှာ လယ်တီ( Leyte) ကျွန်း နှင့် ဆမား(Samar)ကျွန်းများဖြစ်ကြောင်း သိရသည်။ အစောပိုင်းကမူ မုန်တိုင်းဗဟို ၌ လေတိုက်နှုန်းမှာတစ်နာရီလျှင် ၃၈၀ ကီလိုမီတာ (မိုင် ၂၂၀) ထိရှိကြောင်း အမေရိကန်ရေတပ် မုန်းတိုင်း တိုင်းတာရေးအဖွဲ့က သတိပေးထုတ်ပြန်ထားသည်။ အဆိုပါမုန် တိုင်းသည် ဖိလစ်ပိုင် အရှေ့မြောက်ဘက် ဗီယက်နက် ၊ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံဘက်ဆီသို့ ဦးတည် ရွေ့လျားလျက်ရှိသည်ဟုသိရသည်။လောေ လာဆယ် ထိခိုက် ၊ သေဆုံးပျက်ဆီးမှု စာရင်းမထု တ်ပြန် နို င်သေးပါ။

Hot News Journal 

No comments: