Tuesday, November 26, 2013
လယ်ယာမြေ နစ်မြုပ်ခဲ့သော တောင်သူများ၏ နစ်နာမှုများအား အမြန်ဆုံး ဖြည့်ဆည်းပေးရန် ကျောင်းကွင်း အုပ်စု၊ တံတားဦးအုပ်စု၊ သာစည်အုပ်စုနှင့် သာဒီကွင်း အုပ်စုတို့မှ တောင်သူ ၈၀ ကျော် ဟင်္သာတတွင် နိုဝ င်ဘာ ၂၅ ရက်က ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများက ခနွယ်ကြီးစွတ္တရာ ဆည်ချက်အား ရာသက်ပန် ဖျက်သိမ်းပေးရေး၊ အင်းစည်းကမ်း ချိုးဖော က်လုပ်ကိုင်သူ အင်းသူကြီး ဦးငွေသိန်း (အုပ်ချုပ်ရေးမှူး)အား အရေးယူပေးရေး၊ ရေစီးရေလာ ကောင်းမွန်ရ န်အတွက် ရေနုတ်မြောင်းများ လိုအပ်သလို တူးဖော်ပေးရေး၊ အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းလုပ်ကိုင်ေ ဆာင်ရွက်ခြင်း မရှိသော ဌာနဆိုင်ရာများအား အရေးယူပေးရေး၊ အမှန်တကယ် ရေနစ်မြုပ်ခံ တောင်သူ များအား စိုက်စရိတ် ချေးငွေအချိန် ဆိုင်းငံ့ပေးရေး အချက်များ ကိုင်ဆောင်ကာ နတ်မော်လမ်းမကြီးရှိ ပြည်လုံးချမ်းသာ ခန်းမရှေ့မှ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့အထိ နံနက် ၉ နာရီ ခွဲမှ စတင်ကာ အချိန် ၂ နာရီခန့် အထိ ကြွေးကြော်သံမဲ့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။
သာစည်အုပ်စု၊ သဘာဝကျေးရွာမှ တောင်သူတစ်ဦးက ''အမေတို့ တောင်းဆိုတဲ့ အချက် ၅ ချက် မရမချင်း ဆန္ဒထုတ်ဖော် သွားမှာပါ။ အုပ်ချုပ်ရေးမှူး အစဉ်အဆက် အင်းသူကြီးလုပ်ပြီး ပိတ်ဆို့မှုတွေ လုပ်တာကြော င့် ရေစီးရေလာ မကောင်းတဲ့အတွက် စိုက်ဧက ၂၀၀ ကျော် ရေနစ်မြုပ်တယ်။ ကျန်တဲ့ရွာတွေမှာ အတူတူပဲ။ အမေတို့ မျိုသိပ်နေရတဲ့ ခံစားချက်တွေကို ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်'' ဟု ဆိုသည်။
ယင်းဆန္ဒပြမှုမှာ ဟင်္သာတမြို့နယ်တွင် ပထမဦးဆုံး အကြိမ်ဖြစ်ပြီး တောင်သူများမှ မြို့နယ်ထံ ဆန္ဒထုတ်ေ ဖ်ာခွင့် တင်ပြခဲ့မှု ငြင်းပယ်ခံခဲ့ရပြီးနောက် တိုင်းဒေသကြီးထံ တင်ပြခဲ့ရာမှ ဆန္ဒထုတ်ဖော် ခွင့်ပြုမိန့် ရရှိခဲ့ခြ င်းဖြစ်သည်။
Eleven Media Group

No comments:
Post a Comment