Monday, November 11, 2013

လင်ကွန်းကိုလုပ်ကြံခဲ့သော တရားခံလေးဦး၏ ကြိုးပေးသည့်ဓာတ်ပုံများ လေလံတင်


Monday, November 11, 2013 
သမ္မတအေဗရာဟင်လင် ကွန်းအား ပူးပေါင်းလုပ်ကြံသတ် ဖြတ်ရာတွင်ပါဝင်ခဲ့သည့် တရားခံ လေးဦးကို ကြိုးပေးစီရင်စဉ်က ရိုက်ကူးထားသော ဓာတ်ပုံလေး ပုံအား မယုံနိုင်ဖွယ်ရာပင် အမေ ရိကန်ဒေါ်လာ ၁၀၀၀၀ ဝနှင့် လေ လံတင်ရောင်းချခဲ့ကြောင်း သိရ သည်။

သမိုင်းဝင်ဖြစ်ရပ်မှတ်တမ်း တင် ဓာတ်ပုံများကို ၁၈၆၅ခုနှစ် ဇူလိုင်ရရက်က ဝါရှင်တန်ဒီစီတွင် အလက်ဇန္ဒား ဂါနာဆိုသူက ရိုက် ကူးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ကြိုးစင်တစ်ဝိုက်တွင် စစ်သားများ၊ သတင်းထောက် များနှင့် မျက်မြင် သက်သေများစုဝေးနေပုံကို သရုပ် ဖော်ထားသော ထိုဓာတ်ပုံများအား ပထမဆုံးဖိုတို ဂျာန ယ်လစ်က နမူ နာများအဖြစ် ထည့်သွင်းထားခဲ့ သည့်ဓာတ်ပုံများလည်း ဖြစ်သည်။

Swann Galleriesလေလံ ရုံတွင် ဓာတ်ပုံလေးပုံအား လေလံ တင်ရောင်းချခဲ့ရာ အမေရိကန် ဒေါ်လာ၂၀၀ ၀ဝနှင့် ၃၀၀၀ဝအ ကြား ရရှိမည်ဟု မျှော်လင့်ထား ခဲ့ကြောင်း သိရသည်။

ပူးပေါင်း လုပ်ကြံရာတွင် ပါဝင်ခဲ့သူများဖြစ် သည့် လူးဝစ်ပါဝဲလ်၊ ဒေးဗစ်ဟာ ရိုး၊ ဂျော့ဂ်ျအက်ဇာရော့နှင့် မေ ရီဆူရက်တို့ကို ကြိုးပေးရာတွင် ရိုက်ကူးထားသည့် ဓာတ်ပုံများ ဖြစ်ပြီး မေရီဆူရက်သည် အမေ ရိကန်ပြည် ထောင်စုအစိုးရ၏ ကြိုး ဒဏ်စီရင်ခြင်းခံရသော ပထမဆုံး အမျိုးသမီးတစ်ဦးဖြစ်သည်။

သမ္မတလင်ကွန်းကို ပူးပေါင်း လုပ်ကြံရာတွင်ပါဝင်သူ အမျိုး သားခုနစ်ဦးနှင့် အမျိုးသမီးတစ် ဦးအပါအဝင် ရှစ်ဦးဖြစ်သော်လည်း ပူးပေါင်းလုပ်ကြံရာတွင် ပါဝင်ကျူး လွန်မှုအတိုင်းအတာအရ အက် ဇာရော့၊ ဟာရိုး၊ ပါဝဲလ်နှင့် ဆူရက် တို့ လေးဦးကိုသာ ကြိုးဒဏ်စီရင် ခဲ့ခြင်းဖြစ်သည်။ ကြိုးပေးရာတွင် အနိဋ္ဌာရုံမြင်ကွင်းကို အမိအရ မှတ်တမ်းတင်ရိုက်ကူးခဲ့သူမှာ စကော့လူမျိုး ဓာတ်ပုံဆရာအ လက်ဇန္ဒားဂါနာဖြစ်ကြောင်း သိ ရ သည်။

Yangon Media Group

No comments: