Tuesday, November 12, 2013

တောင်ကိုရီးယား ရုပ်သံအစီအစဉ်များ ကြည့်ရှုသူ ၈၀ ခန့်ကို မြောက်ကိုရီးယား ကွပ်မျက်ဟု သတင်းထွက်


Tuesday, November 12, 2013

မြောက်ကိုရီးယားနိုင်ငံတွင် တောင်ကိုရီးယား ရုပ်သံအစီအစဉ်ကို ကြည့်ရှု အားပေးခဲ့သူ လူပေါင်း ၈၀ အား ကွန်မြူနစ် အစိုးရက လူသိရှင်ကြား ကွပ်မျက်ခဲ့ကြောင်း ပြည်တွင်းသတင်း ရင်းမြစ်များ၏ ပြောကြားချက်ကို Joong Ang Ilbo သတင်းစာက ရေးသားဖော်ပြသည်။

မြောက်ကိုရီးယား ပြည်တွင်းရေးရာ ကိစ္စရပ်များ အကြောင်း အနီးကပ် သိရှိထားသော အမည်မဖော် လိုသ ည့် သတင်းရင်းမြစ် အဆိုအရ မြို့ပေါင်းခုနစ်မြို့တွင် တောင်ကိုရီးယား ရုပ်သံရှိုးပွဲကို ကြည့်ရှုခဲ့သည့် လူ ၈၀ အား နိုဝင်ဘာလ ၃ ရက်နေ့တွင် အာဏာပိုင် များက ဆက်တိုက် ကွပ်မျက်ခဲ့ကြသည်။

အကယ်၍ ယင်းသတင်းရင်းမြစ်၏ ပြောကြားချက်သာ အတည်ပြုနိုင်သည် ဆိုပါက ယင်းဖြစ်ရပ်သည် ခေါင်း ဆောင်သစ် ကင်ဂျုံအန် လက်ထက် လူသိရှင်ကြား ကွပ်မျက်မှုကြီးတစ်ခု ဖြစ်လိမ့်မည်။

သတင်းရင်းမြစ် အဆိုအရ ကွပ်မျက်ခံရသော မြောက်ကိုရီးယားများသည် တောင်ကိုရီးယားနိုင်ငံမှ မှောင်ခို တင်သွင်းလာသော ရှိုးပွဲများနှင့် ညစ်ညမ်းဗီဒီယို ဇာတ်ကားများ အစရှိသည် တို့ကို ကြည့်ရှုမိခဲ့ ကြခြင်းသာ ဖြစ်ကြောင်း၊ ၄င်းတို့သည် ကြီးမားသော ပြစ်မှုများ ကျူးလွန်ခဲ့ခြင်း မဟုတ်ခဲ့ သော်လည်း ကွပ်မျက်သည် အ ထိ ပြစ်ဒဏ်ပေးခြင်း ခံလိုက်ရကြောင်း သိရသည်။

အဆိုပါသတင်းကို ထုတ်ဖော်ပြောဆိုသော သတင်းရင်းမြစ်သည် လတ်တလော ကာလအတွင်း မြောက်ကို ရီးယားသို့ သွားရောက် လည်ပတ်ခဲ့သည်ဟု The Times သတင်းစာက ဖော်ပြသည်။

မျက်မြင်သက်သေများ၏ ပြောပြချက် အရ တောင်ကိုရီးယား ရုပ်သံရှိုးပွဲများ ကြည့်ရှုခဲ့မိသူ မြောက်ကိုရီးယားနိုင်ငံသား များအား ကွပ်မျက်မှုကို ဝူဆန်မြို့ရှိ အားကစားရုံ တစ်ခုတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အာဏာပိုင် များက လူပေါင်းတစ်သောင်းခန့်ကို စုရုံး ခေါ်ဆောင်လာခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်သူ များကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီမှာ ဘေးကနေကြည့်တဲ့ သူတွေလည်း ကြောက်လန့်ပြီး ကြည့်ခဲ့ကြရတာ။ စက်သေနတ်နဲ့ ပစ်ခတ်သ တ်ဖြတ်သံ ကိုတော့ ကြားရပါတယ်။ ကွပ်မျက်ခံရသူတွေ ထဲမှာ ဘယ်သူတွေ ပါတယ်ဆိုတာ သေသေချာ ချာ မတွေ့ရပါဘူး” ဟု မျက်မြင်သက်သေ တစ်ဦးက ပြောကြားသည်။

ထိုသို့ အများပြည်သူ ရှေ့မှောက်တွင် ကွပ်မျက်ခံရသူများ၏ ဆွေမျိုးသားချင်း များကိုလည်း ပြစ်မှုကျူးလွန် သူများ အပေါ် အကူအညီ ပေးခဲ့သည့် အတွက် အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြသည်။

မြောက်ကိုရီးယားတွင် ထိုသို့ အများပြည်သူ ရှေ့မှောက်၌ ကွပ်မျက်မှု ပြုလုပ်ခြင်းသည် ထူးခြားဆန်းပြားေ သာ ကိစ္စတစ်ခု မဟုတ်ပေ။

ရှေးအတိတ်ကာလ များကလည်း ဘာသာရေး တက်ကြွလှုပ်ရှားသူ များနှင့် မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်သူ များကို အများပြည်သူ ရှေ့မှောက်တွင် ကွပ်မျက်ရန် ပြုံယမ်း ကွန်မြူနစ် အစိုးရက အမိန့်ပေးခဲ့ကြောင်း သတ င်းရင်းမြစ်များက ဆိုသည်။

The Voice Weekly

No comments: