Saturday, November 16, 2013

ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသူနှစ်ဦး လှိုင်သာယာမြို့နယ်ရှိ ဧည့်ရိပ်သာတွင် ဖမ်းမိ


Saturday, November 16, 2013 

ဧည့်ရိပ်သာ အခန်းတွင်း ဖောက်ခွဲရေး ပစ္စည်းများ သယ်ဆောင်လာသူ အမျိုးသားနှစ်ဦးကို လှိုင်သာယာမြို့ နယ် ပဒံကျေးရွာရှိ SKY အအေးခန်း ဧည့်ရိပ်သာ အခန်းအမှတ် ၅ တွင် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်က ဖမ်းမိခဲ့ကြောင်း သောင်ကြီး နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြား သ ည်။

အဆိုပါ အမျိုးသားနှစ်ဦးတွင် ရခိုင်ပြည်နယ် ကျောက်ရာဇ်ကေ ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၅ နှစ် အရွယ် ကိုခိုင်နေမင်း (ခ) တင်အောင်နှင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ဆေးရုံလမ်း တွင် နေထို င်သူ အသက် ၃၀ အရွယ် ကိုသိန်းညွန့် (ခေါ်) ဂျပန်ကြီးတို့ ဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦးက အခန်းတွင်း ဖော က်ခွဲရေး ပစ္စည်းများ တပ်ဆင်နေကြောင်း တာဝန်သိ ပြည်သူတစ်ဦးထံမှ သတင်း ရရှိသောကြောင့် ရဲတ ပ် ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေရာမှ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း အဆိုပါ စခန်းထံမှ သိရှိရသည်။

၎င်းတို့ နှစ်ဦးသည် ယခုနှစ်အတွင်း ထိုင်းနိုင်ငံနယ်စပ်ရှိ ဖောက်ခွဲရေး သင်တန်းတွင် ဖောက်ခွဲရေးပညာ သ င်ကြားခဲ့ပြီး မြဝတီ နယ်စပ်ဂိတ်ပေါက်မှ မြန်မာနိုင်ငံသို့ နိုဝင်ဘာလတွင်းက ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းရှိ ဗလီများကို ဖောက်ခွဲရန် ဖောက်ခွဲရေးပစ္စည်း များကို သယ်ဆောင်လာခြင်း ဖြစ်ေ ကြာင်း ၎င်းတို့၏ ထွက်ဆိုချက်များကို ကိုးကား၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက် တွ င် ဖော်ပြထားသည်။

အအေးခန်း ဧည့်ရိပ်သာ အခန်းတွင် ၎င်းတို့ နှစ်ဦးထံမှ အလျားခြောက်လက်မ၊ အချင်းတစ်လက်မရှိ PVC ပို က်ဖြင့် ပြုလုပ်ထားသော ချည်ကြိုးစပါ ပြွန်ချောင်း နှစ်ခု၊ ၎င်းပြွန်ချောင်းအတွင်း ဘာဂျယ်ယမ်း အမျိုးအစား တစ်ရာဂရမ် ထည့်ထားသည့် ပိုက်နှစ်ချောင်း၊ ခဲခေါက်တံတစ်ခု၊ စားပွဲတင်နာရီ ဖြုတ်လက်စ တစ်လုံး၊ ဝါယာကြိုး တစ်ချောင်း၊ ခဲဝရိန်ကြိုးခွေ တစ်ခွေ၊ ကလေးကစားစရာ ယမ်းပြား ၄၀ ခု၊ ရေသန့်ဘူးဖြင့် ထည့်ထား သော ဓာတ်ဆီနှင့် ဒီဇယ်ဆီ တစ်လီတာစီ၊ ဦးတင်မောင် အမည်ပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်ခု၊ ရန် ကုန်-စစ်တွေ လေယာဉ် လက်မှတ် တစ်စောင်နှင့် အခြားဆက်စပ် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်နေသူ နှစ်ဦးကို ဖမ်းမိမှုနှင့် ပတ်သက်၍ ၎င်းတို့ နှစ်ဦးကို စစ်ဆေးဆဲ ဖြစ် သောကြောင့် အသေးစိတ် အချက်အလက်များကို မသိရှိရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ နှစ်ဦးကို သောင်ကြီး နယ်မြေရဲစခန်းမှ (ပ) ၇၀၀/၁၃၊ ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများ အ က်ဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်ထားပြီး မြို့နယ်တရားရုံးတွင် နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ချု ပ်ရမန်ရယူပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments: