Tuesday, November 19, 2013

အမတ်များ ဒေသဖွံ့ဖြိုးရေး ကျပ်သိန်း ၁ ထောင်စီ သုံးနိုင်ပြီ


Tuesday, November 19, 2013
လွှတ်တော်အမတ်တွေဟာ မြို့နယ် ၁ မြို့နယ်စီအတွက် ချထားပေးတဲ့ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် သိန်း ၁ ထောင်စီကို စ ပြီး သုံးနိုင်ပြီလို့ အန်အယ်လ်ဒီပါတီက အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုး က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ လွှတ်တော် အစည်းအဝေးပွဲတွေအပြီး ကျပ် သိန်း ၁ ထောင်စီ သုံးစွဲရမယ့် လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ပေးလိုက်တဲ့အတွက် ခုလို စပြီး အသုံးပြုနိုင်တာလို့ သူက ပြောပါတယ်။

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ချထားပေးတဲ့ ၁ မြို့နယ် ကျပ် သိန်း ၁ ထောင်ကို အဲဒီ မြို့နယ်က ပြည်သူ့ လွှ တ်တော်အမတ်၊ အမျိုးသားလွှတ်တော်အမတ်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်အမတ် ၂ေ ယာက် စုစုပေါင်း ၄ ယောက် ညှိနှိုင်းတိုင်ပင်ပြီး စာကြည့်တိုက် တည်ထောင်တာ၊ စာသင်ကျောင်း ပြုပြင် တာနဲ့ လမ်းတံတား ပြုပြင်တာတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

လုပ်ငန်း ၁ ခုစီအတွက် ကျပ်ငွေ သိန်း ၅၀ ထက် မပိုအောင် သုံးစွဲရမှာ ဖြစ်ပြီး လာမယ့် ၂၀၁၄ မတ်လကုန် အထိ ဒီ ချပေးတဲ့ ငွေကျပ် သိန်း ၁ ထောင်ကို သုံးစွဲနိုင်ကြောင်း လုပ်ထုံးလုပ်နည်းထဲမှာ ဖော်ပြထားပါ တ ယ်။

DVB TV News

No comments: