Monday, November 11, 2013
ကန့်ဘလူမြို့နယ် အတွင်းရှိ ဇီးကုန်း သကြားစက်အနီး လယ်ကွင်းထဲတွင် တပ်မတော်သားတစ်ဦး၏ အလောင်းကို နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဇီးကုန်း ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ် ဝင်းမြင့်က ပြော ကြားသည်။
“သေပြီး လေးငါးရက်လောက်မှ တွေ့တော့ အလောင်းက ပုပ်ပွတောင်နေပြီ၊ သယ်လို့မရတော့ဘူး” ဟု ၎င်း ကဆိုသည်။
အဆိုပါ သေဆုံးသူမှာ ဇီးကုန်း သကြားစက်အနီးရှိ ကြံစိုက်ပျိုးရေးတပ်မှ အသက် ၃၁ နှစ် အရွယ်ရှိသော တ ပ်သား ဖုန်းဝေဆိုသူ ဖြစ်ကြောင်း၊ ၎င်းအနီးအနား ပတ်ဝန်းကျင်ကို စုံစမ်းရာတွင် သေဆုံးသူမှာ အရက် အ လွန်အကျွံ သောက်သုံးတတ်သူတစ်ဦး ဖြစ်ကြောင်း သိရပြီး သကြားစက်၏ အရှေ့ဘက် လယ်ကွင်း အတွင်းရှိ ရေထဲတွင် မျက်နှာမှောက်လျက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဇီးကုန်း ဒေသ ခံတစ်ဦးက ပြောကြားသည်။
မြို့နယ် ဆရာဝန်ကြီး အပါအဝင် ရပ်မိရပ်ဖ အစုံအလင်ဖြင့် အလောင်းကို စစ်ဆေး ကြည့်ရာတွင် ပြင်ပဒဏ် ရာ မတွေ့ရှိရကြောင်း၊ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်ကို သေမှုသေခင်း ၁၁/၂၀၁၃ဖြင် အမှုဖွ င့် စစ်ဆေးလျက် ရှိကြောင်း ကန့်ဘလူမြို့နယ် ဇီးကုန်း ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment