Thursday, November 14, 2013
အညာဒေသအတွက်လွမ်းမောဖွယ်ကဗျာလေးပါခဗျာ.....
* နွေထနောင်း *
==========
@ ဆိုင်းညို့ညို့ ပင်ထနောင်းတွေနဲ့
ရှင်နှောင်းတို့ ရွာသာယာ
လှမ်းလာခဲ့ပါ---။
@ နွေအခါ
ပူပါရဲ့ တအား---။
@ ပင်ထနောင်း သည်အရိပ်မှာ
ချွေးသိပ်ပါ့လား---။ ။
*************-*******************
* ရွှေညာမိုး *
======
@ ရွှေညာမိုး ကိုဝသုန်က
စိုရုံလေး ညင်သာသာ
ဖွဲဖွဲစွေရွာ ။
@ ပဲကြီးကို ရေစိမ်ကာ
နူးတဲ့ခါ ဂွေးတောက်ရွက်
ရောစွက်ကာချက် ။
@ ဖားလက်တက် နှုပ်နှုပ်စင်း
နနွင်းနဲ နယ်ကာကြော်
အဖော်တွေ စုကာဝေး
လွှေးကြပျော်လျက် ။ ။
*********************
* ဆောင်းမန်ကျည်း *
============
@ အညာမြေ ဟေမာန်ဆောင်း
ရှင်နှောင်းတို့ ရွာမှာကွယ်
ချမ်းအေးလှတယ်---။
@ မန်ကျည်းအုပ် မှုန်ပြယ်ပြယ်
ခြုံထည်လို့ စိတ်မှာတွေး---။
@ အအေးဒဏ်ခံနိုင်ရေးတွက်
မှေးစက်လို့ကွေး----။ ။
ခက်ပိုင်(စကားဝါမြေ)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment