Monday, November 11, 2013

ဒီဇင်ဘာမှာ နိုင်ငံရေး အကျဉ်းသားအကုန် လွတ်ရေး


Monday, November 11, 2013 
မြန်မာသမ္မတ ဦးသိန်းစိန် ကတိပြုထားတဲ့ အတိုင်း ဒီနှစ်ကုန် မှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကို ပြ န်လွှတ်ပေးရေး အတွက် ပြီးခဲ့တဲ့ သောကြာနေ့ က နိုင်ငံရေး အကျဉ်းသား စီစစ်ရေး ကော်မတီ ရဲ့ အစည်း အဝေးမှာ ညှိနှိုင်းဆွေးနွေးကြပါတယ်။

နိုင်ငံရေး အကျဉ်းသား တွေ အမှန်တကယ် လွတ်မြောက်ရေး နဲ့ ပတ်သက်လို့ သမ္မတ ဆီ နိုင်ငံရေး အကျဉ်း သား စရင်း ပေးပို့နိုင်ရေး အတွက် စီစစ်ကြ ရာမှာ ၁၄၇ ယောက် ရှိကြောင်း နိုင်ငံရေး အကျဉ်းသား စီစစ်ေ ရးကော်မတီဝင် တဦး ဖြစ်တဲ့ ဦးရဲအောင် က ဘီဘီစီ ကို ပြောပါတယ်။

အထက်ပါ ၁၄၇ ယောက် ထံမှာ အငြင်းပွားဘွယ် ရှိတဲ့ စရင်း ဆိုရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ ဖမ်းရာမှာ နိုင်ငံတော် ပုန်ကန်မှု၊ မတရားသင်း နဲ့ ဆက်နွယ်မှု၊ မူးယစ်ဆေးဝါး စသဖြင့် ပုဒ်မ တွေ အပြ င် လူသတ်မှု နဲ့ ငြိနေတာ တွေ ရှင်းပြပါတယ်။

တဖက်မှာ လွှတ်ပေးမယ် ဆိုပေမယ့် တက်ကြွလှုပ်ရှား သူတွေ ကို တောက်လျှောက်ဖမ်း နေလို့ နိုင်ငံရေး အကျဉ်းသား ဆိုတာ ထောင်ထဲမှာ ကုန်သွားဖို့ ရှိမယ် မထင်တဲ့ အကြောင်း လည်း ဦးရဲအောင် က ဘီဘီစီ ကို ပြောပါတယ်။

BBC Burmese

No comments: