Monday, November 11, 2013
တောင်ကြီးမြို့၊ ညောင်ရွှေဟော် ကုန်းရပ်ကွက်ရှိ န၀ရတ်ခန်းမတွင် နိုဝင်ဘာ ၉ ရက်က ရှမ်းပြည်နယ် (ေ တာင်ပိုင်း) ရှေ့နေများအသင်းကို ဖွဲ့စည်းလိုက်ပြီး မည်သည့်အသင်းအဖွဲ့ လက်အောက်ခံမဟုတ်ကြောင်း အသင်း၏ ယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းချမ်းက မဇ္ဈိမကို ပြောကြားလိုက်သည်။
လက်ရှိတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွက်သာ ဖွဲ့စည်းထားနိုင်သေးပြီး လမ်းပန်းဆက်သွယ်ရေး၊ န ယ်မြေအခြေ အနေအစရှိသည်များကြောင့် ရှမ်းပြည် နယ်တစ်ခုလုံးရှိ ရှေ့နေများ ပါဝင်နိုင်သည့်အသ င်း ဖြ စ်ပေါ်လာစေရန် မစည်းရုံးနိုင်သေးဘဲ နောက်ပိုင်းတွင် ရှမ်းပြည်နယ် တစ်ခုလုံးကိုယ်စားပြုနိုင်ရန် အဆိုပါေ ရှ့နေအသင်းက မျှော်လင့်ထားသည်။
“ရှမ်းပြည်နယ်မှာရှိတဲ့
သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းသာဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းစဉ်တူရင်
တရားဥပဒေစိုးမိုးရေးစတဲ့ အချက်တွေမှာ အချိန်အခါမရွေး
လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်။ အသင်း အနေနဲ့လည်း အခြားအသင်းအဖွဲ့
ကွန်ရက်တွေကို အတိုက်အခံလုပ်နေတဲ့ အဖွဲ့အစည်းမဟုတ်ပါ ဘူး” ဟု
ဦးစိန်ဝင်ချမ်းက ဆိုသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ရှေ့နေအသင်းကို
ယာယီအနေနှင့်သာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရှေ့နေခ မတ တ်နိုင်သည့်
ပုဂ်္ဂိုလ်များကို အခမဲ့ကူညီသွားရန်လည်း စီစဉ်ထားသည်။
အသင်း၏
အတွင်းရေးမှူးဖြစ်သူ ဦး ၀င်းဇော်ဦးက “အခုဆို တန်းတူရည်တူ ရေးဖက်ဒရယ်
ပြည်ထောင်စုစ နစ်၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လွတ်လပ်စွာပြောဆို
ရေးသားခွင့်စတဲ့အကြောင်းအရာတွေ ကူးပြောင်းေ နချိန်ြ ဖစ်တယ်။ သည်ကာလမှာ
ရှေ့နေရှေ့ရပ်တွေအနေနဲ့ကလည်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချ
မ်းအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်အောင် ရှမ်းပြည်နယ်တောင်ပိုင်း
ရှေ့နေအ သင်းကို ဖွဲ့စည်းရခြင်းဖြစ်တယ်” ဟု မဇ္ဈိမကိုပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း
ရှေ့နေအသင်းဖွဲ့စည်းခြင်း ညှိုနှိုင်းအစည်းအဝေးတွင် အသင်းဝင်ရှေ့နေ ၂၀၀ေ
ကျာ်ရှိ သည့်အနက် ၁၆၇ ဦးတက်ရောက်ခဲ့ပြီး၊ ရှမ်းပြည်နယ်
တရားလွှတ်တော်တရားသူကြီး ဦးခင်မော င်ဋ္ဌေးရှေ့နေအသင်း
ဒု-ဥက္ကဋ္ဌဦးခင်မောင်ထွေးမှ ရှမ်းပြည်နယ် (တောင်ပိုင်း)
ရှေ့နေအသင်းစည်းမျဉ်း၊ စ ည်းကမ်းကို တင်ပြခြင်း၊ တင်ပြချက်အပေါ်
အသင်းဝင်များမှ ဆွေးနွေးခြင်း၊ အစည်းအဝေးသဘာပတိ၏ အ တည်ပြုချက်ကိုရယူခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment