Monday, November 18, 2013

သူရဦးရွှေမန်းနှင့် အထက်ချင်းတွင်း လူငယ်ကွန်ရက် မူးယစ်ဆေးနှင့် လက်နက်မှောင်ခိုကိစ္စများ ဆွေးနွေး


Monday, November 18, 2013

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ မြို့ မိမြို့ဖများ နိုဝင်ဘာ ၁၆ ရက်က တွေ့ဆုံရာတွင် မူးယစ်ဆေးနှင့် လက်နက်မှောင်ခိုကိစ္စများ အဓိကဆွေး နွေးခဲ့သည်ဟု တွေ့ဆုံပွဲ၌ဆွေးနွေးခဲ့သူ အထက်ချင်းတွင်းလူငယ်များကွန်ရက်မှ အဖွဲ့ဝင်ကိုကျော်သက်ဝင်းက နိုဝင်ဘာ ၁၇ တွင် မဇ္ဈိမကို ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် စစ်ကိုင်းတိုင်း ကလေးခရိုင်၊ တမူးခရိုင်၊ မော်လိုက်ခရိုင်တို့မှ ပါတီအသီးသီး အု ပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့များနှင့် ကလေးမြို့နယ်၊ မြို့တော်ခန်းမတွင်တွေ့ဆုံရာ တက်ရောက်လာ သူများမှ ၁၇ ဦးက ခေါင်းစဉ်ခွဲ ၅၇ ခုဖြင့် ဆွေးနွေးခဲ့ပြီး အထက်ချင်းတွင်း လူငယ်များကွန်ရက်က ယင်းသို့ ဆွေးနွေးခဲ့သည်ဟု ကိုကျော်သက်ဝင်းက ပြောသည်။

အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ဆွေးနွေးခဲ့ရာတွင် မူးယစ်ဆေးကိစ္စအပြင် တမူးမြို့နယ်အတွင်း တ မူး နှင့်အိနိ္ဒယနိုင်ငံ မိုးရေးနယ်စပ်နေရာတွင် အငြင်းပွားမှုဖြစ်နေသည့် နယ်ခြားaကျာက်တိုင်ကိစ္စကိုလည်း ဆွေးနွေးခဲ့သည်။ တမူး-မိုးရေးနယ်စပ်ရှိ အဆိုပါ နယ်ခြားကျောက်တိုင် BP-23 သည် ယခင်နေရာ၌မရှိ ဘဲ မြန် မာနိုင်ငံဘက်သို့ ရွေ့လာသည်ဟု ဒေသခံများက အမြင်ရှိကြပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပြည် သူ့လွှတ်ေ တာ်ဥက္ကဋ္ဌထံ တင်ပြခဲ့သည်ဟုလည်း ကိုကျော်သက်ဝင်းက ပြောသည်။

“BP 23 (နယ်ခြားကျောက်တိုင် အမှတ် ၂၃ ) ကိစ္စ အိန်္ဒိယဘက်အခြမ်း နယ်ခြားမှာ မြန်မာတပ်စခန်း တည် ဆောက်တယ်ဆိုတဲ့ကိစ္စ ဘယ်လိုမျိုး ဖြေရှင်းပေးမလဲ၊ ကလေး-ကဘော်ဒေသမှာ မူးယစ်ဆေးဝါးနဲ့ လက်န က်ရောင်းဝယ်မှုများ တိုးမြှင့်လာနေတယ်။ လုံခြုံရေးအာဏာပိုင်တွေက ထိရောက်တဲ့ တားဆီးမှု တွေ မလုပ် နိုင်ဘူး၊ ကလေး၊ ကဘော်ဒေသမှာ လုံခြုံရေးဂိတ်တွေထားဖို့ တောင်းဆိုထားတယ်”ဟု ဆို သည်။

ယင်းသို့ ဆွေးနွေးခြင်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ လေ့လာစုံစမ်း အကောင်အထည်ဖော် သွားမည်ဟု ပြောခဲ့ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကမူ နယ်ခြားကျောက်တိုင်ကိစ္စနှင့်ပတ်သက် ၍ မစိုးရိမ်ရန် ပြောဆိုခဲ့သည်ဟုလည်း ကိုကျော်သက်ဝင်းက ဆိုသည်။

“ဦးသာအေးက ဒီကိစ္စကို ပြေလည်အောင် သူဖြေရှင်းပြီးပြီလို့ ပြောတယ်။ နယ်ခြားမှာလုပ်တဲ့ နှစ်ဖက်အစ ည်းအဝေးတွေတိုင်းမှာ ထည့်ဆွေးနွေးပြီးဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်စရာမရှိဘူးလို့ပြောသွားတယ်” ဟုေ ပြာသည်။

ယင်းသို့ မူးယစ်ဆေးကိစ္စများ ဆွေးနွေးခဲ့ခြင်းနှင့်ပတ်သက်ပြီး အမှန်တကယ် ဒေသတွင်း မူးယစ်ဆေးဝါး တို က်ဖျက်လိုသည်ဆိုပါက အာဏာပိုင်များ လာဘ်မစားပဲ ဘိန်းစိုက်ပျိုးသူများကို ထိထိရောက်ရောက် အရေး ယူရမည်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က မဇ္ဈိမကို ပြောသည်။

“တကယ်တမ်း ဘိန်းကို တိုက်ဖျက်ချင်သလား တိုက်ဖျက်ချင် လွယ်ပါတယ်။ အားလုံး စိုက်တာမဟုတ်ဘူး။ လက်ချိုးရေလို့ရတယ်။ ၁၀ ယောက် ၁၅ ယောက်ပဲရှိတာ။ ဘိန်းရာဇာကို ဖမ်းရမယ်၊ မှတ်လောက်သားေ လာက်အောင် အရေးယူရမယ်” ဟု ဦးဇိုဇမ်က ပြောသည်။

ကလေး၊ ကဘော်ဒေသတွင် လုံခြုံရေးဂိတ်များထားရှိရန် တောင်းဆိုခြင်းနှင့် ပတ်သက်၍လည်း ခရီးသွားပြ ည်သူများ စိတ်အနှောက်အယှက်ဖြစ်စေခြင်းနှင့် ကြန့်ကြာမှုများ ရှိနိုင်ခြင်းကြောင့် သတိပြုသင့်သည်ဟုေ ဆွးနွေးပွဲတက်ရောက်ခဲ့သူ တမူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက် သူ ၅၀၀ ခန့် ရှိသည်။

Mizzima - News in Burmese

No comments: