Tuesday, November 12, 2013

ထိုင်းရောက် ဗီဇာသက်တမ်းကုန် မြန်မာများအရေး အမြန်ဆုံးဖြေရှင်းပေးရန် MWRN တောင်းဆို


Tuesday, November 12, 2013

ထိုင်းနိုင်ငံရောက် လေးနှစ်ဗီဇာ သက်တမ်းကုန် မြန်မာအလုပ်သမား များကို တရားဝင် အလုပ်ဆက်လက် လုပ်ကိုင်နိုင်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအစိုးရက တိကျ ထင်ရှားသောမူဝါဒများ ချမှတ်ပြီး အမြန်ဆုံး လုပ် ဆောင်ပေးရန် ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) က နှစ်နို င် ငံ အစိုးရကို တောင်းဆိုသည့် ကြေညာချက်တစ်စောင် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဗီဇာသက်တမ်းကုန် မြန်မာလုပ်သားများအရေး ဆောင်ရွက်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအစိုးရ ယခုနှစ် စ က်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မ ရှိသေးသဖြင့် ယင်းသို့တောင်းဆိုခြင်း ဖြစ်ကြောင်း MWRN မှ ဒါရိုက်တာ ဦးစိန်ဌေး က ပြောကြားသည်။

ဗီဇာ သက်တမ်းကုန် လုပ်သားများ တရားဝင် အလုပ်ဆက်လုပ်နိုင်ရန် နှစ်နိုင်ငံ အစိုးရက တိကျသည့် မူဝါ ဒများ ထုတ်ပြန်ခြင်း မရှိသဖြင့် ပွဲစားများက ဗီဇာသက်တမ်းကုန် မြန်မာလုပ်သားများ ဗီဇာဆက်ပေးမည် ဆို ကာ ထိုင်းဘတ် ၃၅၀၀မှ ၅၀၀၀ ဝန်းကျင် လိမ်လည်တောင်းယူမှုများ စမွတ်စာခွန်၊ နွန်ထဘူရီ၊ ချွန်ဘူရီနှင့် ဘန်ကောက်တို့တွင် ဆက်တိုက် ဖြစ်ပွားနေကြောင်း လုပ်သား များ၏ ပြောဆိုချက်ကို ကိုးကားကာ ၄င်းက ဆိုသည်။

အလုပ်ရှင်များကလည်း ဗီဇာ သက်တမ်းကုန် လုပ်သားများကို အလုပ် ရပ်ဆိုင်းထားပြီး ဗီဇာအသစ် ရရှိပြီးမှ သာ အလုပ်ပြန်ဝင်ရန် ပြောဆိုခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ်နေရကြောင်း MWRN ထံမှ သိရှိရသည်။

ယင်းအပြင် ပွဲစားများက အလုပ်ရှင် များနှင့် ဆက်သွယ်၍ လေးနှစ်ဗီဇာ ထပ်မံပေးရန်၊ နိုင်ငံကူးလက်မှတ် လုပ်ရန်ဟု ဆိုကာ လုပ်သားတစ်ဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၅,၀၀၀ ထိ ကြိုတင် တောင်းခံနေကြာင်း အ လုပ်ရှင်အချို့၏ ပြောဆိုချက်ကို ကိုးကားကာ MWRN ကြေညာချက်တွင် ဖော်ပြသည်။

အဆိုပါ ကိစ္စများအပေါ် MWRN က လေးနှစ်ဗီဇာ သက်တမ်းပြည့်ပြီးသော လုပ်သားများ လုပ်ရမည့် လုပ်င န်းစဉ်များနှင့် ကုန်ကျစရိတ်ကို တိကျစွာ ထုတ်ပြန်ရန်၊ လုပ်ငန်းစဉ်များကို ထိုင်းနိုင်ငံ အတွင်းရှိ နိုင်ငံကူးလ က်မှတ် ထုတ်ပေးရေးစခန်းများ တွင်သာ ပြုလုပ်ရန်၊ လုပ်ငန်းစဉ်များ၏ ကြာမြင့်ချိန် များကို ထုတ်ပြန်ရန်၊ ပွဲ စားများ၏ ဝန်ဆောင်ခ နှုန်းထားကို အစိုးရက ထုတ်ပြန်ရန်နှင့် မလိုက်နာလျှင် ထိရောက်စွာ အရေးယူရန်၊ ဗီဇာရက်ကျော် (Over Stay) ဖြစ်နေသော လုပ်သားများကို သတ်မှတ် ထားသော ဒဏ်ကြေး (တစ်ရက် လျှ င် ဘတ်၅၀၀နှုန်းဖြင့် ၂၀,၀၀၀ ဘတ်ထက် မပိုသော ဒဏ်ကြေး)မှ ကင်းလွတ်ခွင့် ပြုပေးရန် စသည့် အချက် များကို လုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။

ဗီဇာသက်တမ်းကုန် မြန်မာများ ဗီဇာသက်တမ်းတိုးရေး များကို ကော့သောင်း - ရနှောင်း၊ မြဝတီ - မဲဆော က်၊ တာချီလိတ် - မယ်ဆိုင်၊ မောတောင်- ဆင်ဂေါင်း၊ ထီးခီး-ဖူနမ်ရွမ် တို့တွင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဗီဇာသက်တမ်းကုန် လုပ်သားများ အရေးကို နိုဝင်ဘာလတွင် ဆောင်ရွက်ပေးမည်ဟု အလုပ်သမား ညွှန် ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောဆိုထား သော်လည်း အထက်ပါ အကြောင်းအရာ များနှင့် ပတ်သက်၍ မေးမြန်းရန် ကြိုးပမ်းခဲ့ရာ ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

တရားမဝင် မြန်မာလုပ်သား များကို အထောက်အထား ထုတ်ပေးရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရ နား လည်မှုစာချွန်လွှာ (MoU) ရေးထိုးကာ ၂၀၀၉ ခုနှစ်မှ စတင်ကာ လုပ်ဆောင်ခဲ့ပြီး ယင်းအချိန်က အထော က်အထား ရရှိသူများမှာ ဗီဇာသက်တမ်း ကုန်ဆုံးနေခြင်း ဖြစ်သည်။

တရားဝင် အထောက်အထား ထုတ်ပေးရေး အစီအစဉ်အရ ထိုင်းနိုင်ငံတွင် တရားဝင် အထောက်အထား ရ ရှိသူ မြန်မာလုပ်သား ၁ဒသမ ၇ သန်းကျော် ရှိသည်။

The Voice Weekly

No comments: