Tuesday, January 21, 2014
တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့က H7N9 ကြက်ငှက်တုပ်ကွေးက လူကို ကူးစက်မှုအသစ် ၃ ခု ထပ်တွေ့ခဲ့လို့ ပြည်နယ်တွင်း ကူးစက်ခံရသူ စုစုပေါင်း ၂၁ ဦး ရှိသွားပြီလို့ ပြည်နယ် ကျန်းမာရေးအာဏာပိုင်တွေက ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။
ကူးစက်ခံ ရှန်းကျန်းမြို့က အသက် ၆၂ နှစ်အရွယ် အမျိုးသား တဦးနဲ့ အသက် ၅ နှစ် အရွယ် မိန်းကလေးတဦးဟာ လောလောဆယ်တော့ အခြေအနေ တည်ငြိမ်ပြီး အသက် ၈၃ နှစ်အရွယ် အမျိုးသမီးကတော့ အသည်းအသန် ဖြစ်နေ တယ်လို့ ကြေညာချက်က ဆိုပါတယ်။
မိန်းကလေးကတော့ ကွမ်တုံရဲ့ ပထမဆုံး ကြက်ငှက်တုပ်ကွေး ကူးစက်ခံ လူနာရဲ့ သမီး ဖြစ်ပါတယ်။
ကွမ်တုံဈေးထဲမှာ တို့ဟူးရောင်းတဲ့ဆိုင်ရှင်ရဲ့ သမီး ဖြစ်ပြီး ဆိုင်ကို ဖခင်နဲ့အတူ သွားခဲ့တယ်လို့ အစီရင်ခံ ထားပါတယ်။ ပိုးသတ်ဖို့ ဈေး ၃ ရက် ပိတ်ပြီးတဲ့နောက် ဈေးရဲ့ကြက်ငှက်အရောင်း ဈေးတန်းကို ပြန်ဖွင့်ပြီး ဖြစ်ပါတယ်။
ဆိုင်တန်းတွေကို နေ့တိုင်း အကြိမ်များစွာ ပိုးသတ်တယ်၊ လက်အိတ်တွေ မျက်နှာဖုံးတွေ ၀တ်ပြီး အားလုံးကို သေသေချာချာ ဆေးတယ်လို့ ကြက်ငှက်အရှင် ရောင်းသူ ဈေးသည်က ပြောပါတယ်။
ကွမ်တုံပြည်နယ်မှာ ကြက်ငှက်တုပ်ကွေး လူကို ကူးစက်မှုဟာ သြဂုတ်လကနေ ခုထိ ၂၁ ဦးရှိပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။
DVB TV News
No comments:
Post a Comment