Thursday, January 23, 2014
၁၃၀၀ ပြည့်အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် မန္တလေးမှ အာဇာနည် ၁၇ ဦး ဂါရ၀ပြုပွဲ အထိမ်းအမှတ် အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် အဖွဲ့၁၇ ဖွဲ့မှ မဟာမုနိဘုရားကြီး သာသနာ၂၅၀၀ မှ အာဇာနည်ဗိမာန် သို့ ချီတက်လမ်းလျှောက် အလေးပြုမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီမှ ဦးမင်းထက်ငြိမ်းချမ်း က ဇန်န၀ါရီ ၂၂ နေ့ တွင် မဇ္ဈိမကို ပြောသည်။
“ဒီပွဲက ကိုယ့်မြို့ကိုယ့်ရွာသမိုင်းဖြစ်သလို မြန်မာ့သမိုင်းမှာလည်း အကြီးမားဆုံး ပြယုတ်တစ်ခုပါ။ ဒါ ကြောင့် အားလုံးပါဝင်သင့်ပါတယ်။ အားလုံးပူပေါင်းပါဝင်စေချင်တယ်”ဟု ဦးမင်းထက်ငြိမ်းချမ်းက ဆို သည်။
ဂါရ၀ပြုချီတက်မည့် အဖွဲ့၁၇ ဖွဲ့သည် အာဇာနည် ၁၇ ဦး၏ ဓာတ်ပုံများ ကိုင်ဆောင်ပြီး အာဇာနည်ဗိမာန် ရှိရာသို့ ချီတက် ဂါရ၀ပြုကြမည်။ ထိုသို့ ချီတက်ဂါရ၀ပြုအဖွဲ့များတွင် ရဟန်းပြည်သူများ၊ နိုင်ငံရေးအဖွဲ့ အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်ကြမှာဖြစ်ပြီး အဖွဲ့များ၏အင်အားကို သတ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။
အဆိုပါ ချီတက်ဂါရ၀ပြုမည့် တပို့တွဲလပြည့်ကျော် ၇ ရက်(ဖေဖော်ဝါရီ ၂၁ ရက်) နံနက်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံကို ဂုဏ်ပြုသောအားဖြင့် သံဃာအပါး ၁၃၀၀ သို့ ဆွမ်းလောင်းလှူသွားမည်ဖြစ်သည်။
၁၃၀၀ ပြည့် စိန်ရတုအခမ်းအနားသို့ ဟံသာဝတီဦးဝင်တင်နှင့် သမိုင်းပညာရှင် ဒေါက်တာတိုးနိုင်တို့ တက်ရောက်ကြမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားထားသည်ဟု ဦးမင်းထက်ငြိမ်း ချမ်းက မဇ္ဈိမကို ပြောသည်။
ထိုနေ့တွင် ရဲဘော်ဗဟိန်းကို ဂုဏ်ပြုသောအားဖြင့် အာဇာနည်ဗိမာန်တွင် အထိမ်းအမှတ်ကျောက်စာ စိုက်ထူသွားမည်ဖြစ်ပြီး ထိုကျောက်စာတိုင်ကို မူရင်းစာသားများအတိုင်း တမ္ပ၀တီဦးအောင်မင်းက ထု ဆစ်နေကြောင်း သိရသည်။
Mizzima - News in Burmese
No comments:
Post a Comment