Wednesday, January 22, 2014

ဥရောပနှင့်ပူးပေါင်း၍ရေအားလျှပ်စစ်စီမံကိန်း ငါးခုအကောင်အထည်ဖော်မည်


Wednesday, January 22, 2014

စုစုပေါင်း မဂ္ဂါဝပ်တစ်ထောင်ကျော်ရရှိမည့် ရေအားလျှပ်စစ်စီမံကိန်းငါးခုကို ဥရောပနိုင်ငံများနှင့် ပူးပေါင်း၍ အမြန်ဆုံးဆောင်ရွက်ရန် စီစဉ်နေသည်ဟု လျှပ်စစ်စွမ်းအား ဒုတိယ၀န်ကြီး ဦးမော်သာထွေးက ဇန်န ၀ါရီ ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောဆိုသည်။

“မိမိတို့နိုင်ငံတွင် ဓာတ်အားလိုအပ်ချက် မြင့်မားနေခြင်းကြောင့် မိမိနိုင်ငံနှင့် သင့်လျော်မည့် အရင်းအမြစ်များအား သုံးစွဲကာ ကာလတိုနှင့် ကာလရှည်ခွဲခြားပြီး ဆောင်ရွက်သွားရန် စီမံဆောင်ရွက်လျက်ရှိပါ တယ်”ဟု ဦးမော်သာထွေးက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော်အမတ် ဦးမျိုး မြင့်တင်သွင်းသည့် “မြန်မာနိုင်ငံ၏ လက်ရှိအနာဂတ် လျှပ်စစ်လိုအပ်ချက်အတွက် အဓိကအားထားရ မည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရေအားလျှပ်စစ်ကဏ္ဍကို ကာလတို/ကာလရှည် စီမံချက်များဖြင့် စီမံ ကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အရေးကြီးအဆို”ကို ပြန်လည်ရှင်းလင်းစဉ် လျှပ်စစ်စွမ်းအား ဒု-၀န်ကြီးက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ် သည်။

အမြန် အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ်စီမံကိန်း ငါးခုမှာ မန္တလေးမြို့အနီးရှိ ဒီးဒုတ်စီမံကိန်း၊ ပျဉ်းမနားမြို့အနီးရှိ အလယ်ပေါင်းလောင်း စီမံကိန်း၊ နောင်ချိုမြို့နယ်ရှိ အလယ်ရဲရွာစီမံကိန်း၊ မြိတ်မြို့ နယ်ရှိ တနင်္သာရီစီမံကိန်းနှင့် ကျောက်ကြီးမြို့နယ်ရှိ ဘောဂထစီမံကိန်းတို့ဖြစ်သည်။

ထိုစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်ရန်ပုံငွေမှ ကျခံသုံးစွဲရန် မဖြစ်နိုင်သည့်အတွက် ပြည်တွင်း၊ ပြည်ပပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဒု-၀န်ကြီးက ပြည် ထောင်စုလွှတ်တော်တွင် ရှင်းပြခဲ့သည်။ သို့သော် ထိုစီမံကိန်းများအတွက် ခန့်မှန်းကုန်ကျငွေမည်မျှရှိ မည်ကိုမူ ပြောဆိုသွားခြင်း မရှိပေ။

မြန်မာအစိုးရအနေဖြင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအထိ ရေအားလျှပ်စစ်စက်ရုံပေါင်း ၂၂ ခုမှ တပ်ဆင် စက်အင်အား (၂,၉၁၉ မဂ္ဂါဝပ်) ကို အကောင်အထည်ဖော်ပြီးဖြစ်ကာ လာမည့် ၂၀၃၀-၃၁ ဘဏ္ဍာ ရေးနှစ်တွင် လျှပ်စစ်စီမံကိန်းများမှ တပ်ဆင်စက်အင်အား ၂၄,၉၈၁ မဂ္ဂါဝပ်ရရန်မျှော်မှန်းထားသည်။

Mizzima - News in Burmese

No comments: