Thursday, January 23, 2014
မန္တလေးဆေးရုံကြီးအနီး ၇၅လမ်း၊ ၂၈-၂၉လမ်းကြားတွင် ယနေ့နေ့လယ် ၂နာရီ ၄၀ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မိနစ်၅၀ခန့်အကြာ ၃နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိင်ခဲ့သည်။
၇၅လမ်းမပေါ်ရှိ ခရစ်ယာန်ချက်ကျောင်းနှင့် စတ္တရမဟီရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကြားရှိ မြေစိုက်ပျဉ်ထောင်နှစ်ထပ်အိမ်မှ စတင်လောင်ကြွမ်းခြင်းဖြစ်ပြီး မီးလောင်ပြီး ၁၅မိနစ်ခန့်အကြာ ပျဉ်ထောင်အိမ်မှာ ပြိုကျသွားခဲ့ပြီး ဘေးနှစ်ဘက်ရှိ ချက်ကျောင်းအဆောက်အဦးနှင့် စတ္တရမဟီရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအား ဆက်လက်လောင်ကြွမ်းခဲ့သည်။
မီးမှာ ဘေးနှစ်ဘက်လောင်ကြွမ်းနေ သောကြောင့် မီးသတ် နှစ်ဖွဲ့ခွဲငြိမ်းသတ်ခဲ့ရပြီး အိမ်အနောက်ဘက်ရှိ RC နှစ်ထပ်တိုက်အား အနည်းငယ်မီးစွဲခဲ့သည်။ စုစုပေါင်း အိမ်လေးလုံးလောင်ကျွမ်းခဲ့ပြီး စလောင်သည့် နှစ်ထပ်ပျဉ်ထောင်မှာ မီးလုံးဝလောင်ကျွမ်းခဲ့ပြီး ဘေးနှစ်ဘက်ရှိ တိုက်နှစ်လုံးနှင့် အနောက်ဘက် RC တိုက်တို့မှာ မည်မျှလောင်ကျွမ်းခဲ့ကြောင်း ဆုံးရှုံးမှုအသေးစိပ်တန်ဖိုး မသိရှိရေသေးပေ။
ကျွန်တော်တို့ကလည်း အမျိုးသမီးတစ်ယောက်က ဆူးဆူးဝါးဝါးအသံနဲ့လှမ်းအော်မှသိရတာ။ သိသိချင်းမီးသတ်ကို လှမ်းဖုန်းဆက်လိုက်တာပဲ။ လောင်ပြီး ၁၅မိနစ်လောက်နေတော့ စလောင်တဲ့ အိမ်က ပြာကျသွားတယ်။ နောက်တော့ဘေးနှစ်ဘက်ကို ကူးသွားတယ်။ အနောက်က RC နှစ်ထပ်ကိုတောင် မီးစွဲနေသေးတယ် ဟု မီးလောင်ကျွမ်းရာအနီး အဆောင်တွင်နေထိုင်သော ကုမ္မဏီဝန်ထမ်းအမျိုး သားတစ်ဦးကပြောသည်။
Popular Myanmar News Journal

No comments:
Post a Comment