Monday, February 17, 2014

ချယ်ဆီးအတွက် ကသိကအောက်အရှက်ရဖွယ်ပါ ( အာဆင်ဝင်းဂါး)


Monday, February 17, 2014
ပြီးခဲ့တဲ့ ရက်အနည်းငယ်က မော်ရင်ဟိုမှ အာဆင်ဝင်းဂါးအပေါ် အရှုံးမှာ ကျင့်သားရနေသူဟု ပြောဆိုဝေဖန်ခဲ့အပြီးမှာ အာဆင်ဝင်းဂါးက ယနေ့ည FA ပဉ္စမဆင့်ပွဲစဉ်ဖြစ်သည့် လီဗာပူးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင်ပြန်လည်ချေပပြောကြားခဲ့ပါသည်။ 

"ကျွန်တော့်အနေနဲ့ မိုက်မဲပြီး ဆိုးဝါးလှတဲ့ မှတ်ချက် စကားမျိုးမပြောချင်ပါဘူး၊ ကျွန်တော့်ရဲ့  သတင်းစာရှင်းလင်းပွဲမှာ သူ့အကြောင်းကို ကျွန်တော့်ဘက်က စပြီးဘယ်တော့မှပြောမှာ မဟုတ်ပါဘူး" ဆိုပြီး အာဆင်ဝင်းဂါးမှ BT sport ကိုပြောကြားခဲ့ပါသည်။ 

" သူ့မှတ်ချက်စကားက ကျွန်တော့်ထက် ချယ်ဆီးအပေါ် ပိုပြီးအရှက်ရဖွယ် ကိစ္စတစ်ခုဖြစ်မယ်လို့ပဲ သိမြင်မိတယ်" 

အာဆင်ဝင်းဂါးက ထပ်ပြီးလည်း " အရိုးသားဆုံးဝန်ခံရရင် ကျွန်တော်ဟာ သူ့အတွက် စိတ်ကသိကအောက် ဖြစ်ခဲ့ရတယ်၊ သူ့စကားက ကျွန်တော့်ကိုထက် ချယ်ဆီးအပေါ် ပိုပြီးမျှော်လင့်ချက်ပျက်ပြားအောင်လုပ်မိခဲ့ပြီ၊ " 
" ကျွန်တော်ကတော့ အတိုက်အခိုက်ခံရမှုအပေါ် စိတ်လည်းမ၀င်စားပါဘူး" ဒါကတကယ့်သဘောရိုးနဲ့ပြောတာပါ။

" တကယ်လို့ သင်ဟာ တိုက်ခိုက်ခံရမှုအပေါ် စိတ်ဝင်စားခဲ့မယ်ဆိုရင် သင့်ဘ၀အတွက် ဘာမှအကောင်းဆုံးလုပ်ဆောင်နိုင်မှာမဟုတ်ဘူး၊ 

သင်ဟာ စိတ်ဝင်စားမှုမပြုခဲ့ဖူး စိတ်အေးအေးထားနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးတွေကို ဖန်တီးလာနိုင်မယ်" ဆိုပြီးပြောခဲ့ပါတယ်။ 

" ကျွန်တော်က ဘောလုံးကို နှစ်သက်မြတ်နိုးတယ်၊ ပြီးတော့ ခင်ဗျားအပေါ် စိတ်မချမ်းမသာဖြစ်စေမှုအတွက်လည်း တောင်းပန်ပါတယ်။ 

ကျွန်တော့်အတွက် စိတ်အ၀င်စားဆုံးအရာက ကွင်းအတွင်းမှာ ဘာတွေဖြစ်ပျက်မယ်ဆိုတာကိုပါဘဲ " ဆိုပြီး အာဆင်ဝင်းဂါးက ပြောကြားခဲ့ပါသည်။

Football Café

No comments: