Monday, February 10, 2014

ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရာထူးမှ မနုတ်ထွက်


Monday, February 10, 2014

မြန်မာယူ-၂၃ အသင်း ဆီးဂိမ်းတွင် ရလဒ်ဆိုးရွားခဲ့ပြီးနောက် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်လာ မည့်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ဖွယ်မရှိဟု သတင်းများ ထွက်ပေါ်နေခဲ့သော်လည်း မြန်မာ့ ဘောလုံးအနာဂတ်အတွက် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်မည်မဟုတ်ဟု ဦးဇော်ဇော်က မဇ္ဈိမသို့ ဖွင့်ဟသည်။

“ဆီးဂိမ်းအရှုံးက ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမှာ အဓိကတာဝန်ရှိတာ လက်ခံပါတယ်။ ဒီအရှုံးကြောင့် ကျွန် တော့်ကို ရာထူးက ထွက်ပေးဆိုရင်လည်း ၀မ်းသာအားရလက်ခံမှာပါ။ ဒါပေမဲ့ ကျွန်တော် ဒီလိုလုပ်လို့မရ ပါဘူး။ ကျွန်တော့်မှာ လုပ်ပေးစရာတွေ အများကြီးကျန်ပါသေးတယ်။ ဒီအဖွဲ့အစည်းက အလွယ်တကူ လွှဲပြောင်းလက်ခံနိုင်တဲ့အဖွဲ့အစည်းမျိုး မဟုတ်ပါဘူး” ဟု ဦးဇော်ဇော်က ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်သည် ၂၀၀၅ ခုနှစ်ကတည်း ဥက္ကဋ္ဌရာထူးကိုလက်ခံ၍ တာဝန်ထမ်းဆောင်နေခြင်းဖြင့် ၂၀၀၉ ခုနှစ်တွင် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ဘောလုံးလောကကို အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ်သို့ ကူးပြောင်းနိုင်ခဲ့သည်။ မြန်မာ့လက် ရွေးစင် ဘောလုံးအသင်းနည်းပြသစ် အေဗရာမိုဗစ်ကလည်း ဦးဇော်ဇော်နှင့်ပတ်သက်ပြီး “ကျွန်တော် ဒီ အလုပ်ကို လက်ခံဖြစ်တာ အဖွဲ့ချုပ်ဥက္ကဋ္ဌကြောင့်လည်း ဆိုင်ပါတယ်။ ကျွန်တော် စင်ကာပူအသင်းကို ကိုင်တွယ်စဉ်ကတည်းက သူနဲ့ရင်းနှီးပါတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဟိတ်ဟန်မရှိဘဲ ဘော လုံးကွင်းထဲမှာ အမြဲပြေးလွှားပြီး အလုပ်များနေသူပါ။ သူ့ကို အဖွဲ့ချုပ်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ မြင်တွေ့ လိုပါသေးတယ်” ဟု ပြောသည်။ 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးအတွက် ရွေးကောက်ပွဲကို လာမည့်ဧပြီလအတွင်းကျင်းပရန်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားသည်။

Mizzima 

No comments: