Tuesday, February 11, 2014

စမ်းချောင်းလမ်းရှိ အလှပြင်ဆိုင် အမည်ခံ အနှိပ်ခန်း ရဲဝင်ဖမ်း


Tuesday, February 11, 2014

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းအတွင်းမှ အလှပြင်ဆိုင်အမည်ခံထားသည့် တရားမ၀င်အနှိပ်ခန်းတစ်ခု ကို ဖေဖော်ဝါရီ ၉ ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးလိုက်သည်။

နံနက် ၂ နာရီခွဲအချိန်က စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ကြိုတင်သတင်းအရ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းလမ်း အမှတ် (စ-၇)ရှိ အလှပြင်ဆိုင်သို့ သက်သေများနှင့်အတူ ၀င်ရောက် ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။


ထို့ကြောင့် ဆိုင်မန်နေဂျာဖြစ်သူ မိုးကျော်(၂၁)နှစ်ကို အနှိပ်သမ ငါးဦးနှင့်အတူ အနှိပ်ခန်းလုပ်ငန်း လုပ် ကိုင်ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ပြင် အခန်းအတွင်းမှ အနှိပ်ခန်းပြု လုပ်ရာတွင် အသုံးပြုသည့် မွေ့ယာငါးခု၊ ခေါင်းအုံးငါးခု၊ တိုင်ကပ်နာရီ တစ်လုံး၊ အနှိပ်ခန်းလုပ်ငန်းမှ ရရှိငွေ ၂၂,၀၀၀ တို့ ကိုပါ ဖမ်းဆီးရမိလိုက်သည်။

ထို့ကြောင့် ဆိုင်မန်နေဂျာနှင့် အနှိပ်သမငါးဦးတို့ကို ပြစ်မှုပုဒ်မ ၁၈၈ဖြင့် အရေးယူဆောင်ရွက်နိုင်ရေးအတွက် မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြ၍ ဖေဖော် ၀ါရီ ၁၀ ရက်တွင် မြို့နယ်တရားရုံးသို့ ဦးတိုက်လျောက်ထား ဆဲဖြစ်သည်။

Mizzima

No comments: