Thursday, February 13, 2014
ယနေ့ ဖော်ဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၃း ၁၅ နာရီက ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးသို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Tomas Oje a Quintana ရောက်ရှိလာခဲ့ပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊ စိုးထွန်း၊မနုနုအောင်၊ မသက်သက်အောင် တို့နှင့် ၄၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံ ဆွေးနွေးကြရာတွင် လာမည့်မတ်လအတွင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်သို့ တင်သွင်းမည့် အစီရင်ခံစာနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထိုအစီရင်ခံစာတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အပစ်အခတ်ရပ်စဲရေး ၊ တိုင်းရင်းသား လူနည်းစုအခွင့်အရေး၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် စိန်ခေါ်မှုများ၊ အလုပ်သမားအခွင့်အရေး၊ မြေယာသိမ်းဆည်းခံရမှုများ၊ ဆန္ဒထုတ်ဖော်မှုကြောင့်ဖမ်းဆီးခံကြရသူများ အရေးကိစ္စ စသည်တို့ကို အဓိကထည့်သွင်းတင်ပြသွားရန် ဆွေးနွေးခဲ့ကြသည်။
၎င်း၏ ခရီးစဉ်တွင် လေ့လာရန်ရှိသည့်လူမျိုးရေးပဋိပက္ခများနှင့်ပတ်သက်၍လည်း အခြေအနေအမှန်ကို သိရှိနိုင်ရန် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ အသိပေးပြောကြားခဲ့ကြသည်။
The 88 Gen PR

No comments:
Post a Comment