Friday, February 14, 2014

အပျော်စီးသင်္ဘောမှာ ချစ်သူများနေ့ ဖြတ်သန်းချင်သူများအတွက် တော်ဝင်ဧရာဝတီ


Friday, February 14, 2014

အပျော်စီးသင်္ဘောပေါ်မှာ ချစ်သူများနေ့ကို ထူးထူးခြားခြား ဖြတ်သန်းချင်တဲ့ သူတွေအတွက် တော်ဝင် ဧရာဝတီအပျော် စီးသင်္ဘော စီစဉ်ထားတယ်လို့ Cruise In Myanmar က ဒါရိုက်တာ ဒေါ်စည်စည်ထွေး က မဇ္ဈိမကို ပြောလာပါတယ်။

တော်ဝင်ဧရာဝတီက လူတစ်ရာဆံ့ အပျော်စီးသင်္ဘော ဖြစ်တာမို့ ချစ်သူများနေ့မှာ အေးအေးဆေးဆေး အပန်းဖြေချင်တဲ့သူတွေအတွက် ပထမဆုံးစီစဉ်ပေးတာ ဖြစ်ပါတယ်။

တော်ဝင်ဧရာဝတီက ဒါရိုက်တာ ဒေါ်စည်စည်ထွေးက “ဒီနှစ် ချစ်သူများနေ့ကို ထူးထူးခြားခြား ဖြစ်အောင် လုပ်တဲ့ သဘောပါ။ အဓိက အပန်းဖြေလို့ရမယ်၊ ညစာစားရင်း အေးအေးဆေးဆေး စကား ပြောလို့လည်း ရမယ်၊ ပျော်ရွှင်စရာ အမှတ်တရလည်း ဖြစ်စေမှာ သေချာပါတယ် ။ ဧည့်သည်သင်္ဘောပေါ် စတက်လာပြီ ဆိုတာနဲ့ Kia Royale ၀ိုင်နဲ့ ဧည့်ခံမယ်။ ပြီးရင် ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်ပါတယ်” လို့ ပြော လာပါတယ်။

တော်ဝင်ဧရာဝတီ အပျော်စီးသင်္ဘောဟာ ပုံမှန် လူ ၁၅၀ ဆံ့ပေမယ့် ချစ်သူများ နေ့အတွက်ကိုတော့ လူ ၁၂၀ ပဲ လက်ခံမှာ ဖြစ်ပါတယ်။ ချစ်သူများနေ့အတွက် လာရောက် အပန်းဖြေသူများအတွက် Western Set Men က စီစဉ်ထားတဲ့အပြင် ဖျော်ဖြေရေးအစီအစဉ်က Catherine Mini အဖွဲ့နဲ့ တယောအဖွဲ့တို့က ဖျော်ဖြေတင်ဆက်မှာ ဖြစ်တဲ့အတွက်ကြောင့် ချစ်သူ စုံတွဲတွေအတွက် စဉ်းစားစရာပါ။

စုံတွဲများတွေထဲက မိန်းကလေးတွေအတွက် ပန်းစည်းလက်ဆောင်စီစဉ်ထားပြီး ချစ်သူများနေ့အတွက် အထူးကိတ်ကိုလည်း တစ်ဦးစီပေးသွားမယ့်အပြင် စုံတွဲတွေက မဲနှိုက်ပြီး သီချင်းတောင်းဆိုလို့ရတဲ့ အစီ အစဉ်လည်း ပါဝင်ပါတယ်။ သီချင်း နားမထောင်ချင်တဲ့သူတွေအတွက် အပေါ်ထပ်မှာ အပန်းဖြေလို့ရ တယ်ဆိုတော့ စိတ်တိုင်းကျစေမယ့် အစီစဉ်ကောင်း တစ်ခုပါပဲ။

တော်ဝင်ဧရာဝတီ အပျော်စီးသင်္ဘောကို ညနေ ၆ နာရီ ၀ါးတန်းဆိပ်ကမ်းကနေ စတင်ထွက်ခွာမှာ ဖြစ်ပါ တယ်။ လှိုင်မြစ်ကို အရင်တက်မှာဖြစ်ပြီး မြစ်ဝဘက်ကို ပြန်သွားကာ မြစ်သုံးခုဆုံတဲ့နေရာအထိ သွား ရောက်မှာပါ။ အဲဒီနောက်တော့ ည ၉နာရီ မှာ ၀ါးတန်းဆိပ်ကမ်းကို ပြန်လည်ရောက်ရှိ ကြမှာဖြစ်ပါတယ်။

တော်ဝင်ဧရာဝတီ အပျော်စီးသင်္ဘောက တစ်ဦးကို ကျပ် ခြောက်သိန်း သတ်မှတ်ထားပြီး ညနေ ၆ နာရီမှ ည ၉ နာရီအထိ ပြေးဆွဲမှာဖြစ်တာကြောင့် တူစုံယှဉ်တွဲစုံတွဲ များအနေနဲ့ သွားစရာနေရာတစ်ခုဆိုရင် မမှားဘူးလို့ ဆိုရမှာပါပဲ။

Mizzima 

No comments: