Thursday, February 27, 2014
ဒါရိုက်တာဝိုင်း ပုံဖော်ရိုက်ကူးထားသည့် “စေတန်ရဲ့ ကချေသည်”ရုပ်ရှင်ဇာတ်ကားကို မေလ ၁၁ရက်တွင် စင်ကာပူနိုင်ငံသို့ သွားရောက်ပြသမည် ဖြစ်သည်။
ယင်းဇာတ်ကားတွင် နေတိုးနှင့် ဖွေးဖွေးတို့၏ ငယ်ဘဝကို ကလေးသရုပ်ဆောင် ဟဲဗီးဖြိုးနှင့် ယွန်းယွန်းတို့ က ပါဝင်သရုပ်ဆောင်ထားသည်။
၎င်းဇာတ်ကားတွင် စည်းစိမ်ဥစ္စာပစ္စည်း မည်မျှပင်ပြည့်စုံသော်လည်း လူသား တစ်ယောက်အတွက် အလို အပ်ဆုံးသည် မေတ္တာတရားဖြစ်ပြီး မေတ္တာတရား အခြေခံသည့်စိတ်ဝါဒမွေးမြူပါက လောကတွင် သာယာ လှပလာမည်ဖြစ်ကြောင်းကို ပြသထားသည်။ ယခုမျက်မှောက်ခေတ်တွင် ကလေးများကို မွေးဖွားပြီး စွန့် ပစ်ခြင်း မပြုလုပ်ရန်နှင့် လင်မယားပြတ်စဲပြီး တစ်အိုးတစ်အိမ် ထပ်မံထူထောင်သည့်ကိစ္စမျိုး မပြုလုပ်သင့် ကြောင်းကို ရိုက်ကူးပြသထားသည့် အိမ်ထောင်ရေးပညာပေး မေတ္တာဖွဲ့ဇာတ်လမ်း ဖြစ်သည်။
အဆိုပါဇာတ်ကားကို မေလ ၂ ရက်တွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများနှင့် မန္တလေးမြို့တွင် ပြသမည်ဖြစ်ပြီး ယင်းဇာတ်ကားသည် ပရိသတ်များ အာရုံစိုက်ခြင်းခံရမည့် ကားတစ်ကား ဖြစ်လာနိုင်သည်။
၎င်းဇာတ်ကားကို ထားဝယ်ရုပ်ရှင် ထုတ်လုပ်ရေးက ရိုက်ကူးပြီး ပုညခင်၏ဝတ္ထုကို ဇာတ်လမ်းနှင့် ဒါရိုက် တာဝိုင်းက ဖန်တီးရိုက်ကူးကာ နေတိုး၊ သက်မွန်မြင့်၊ ဇင်ဝိုင်း၊ မင်းသစ်(စည်သူမောင်)၊ ဧည့်သည် သရုပ် ဆောင်အဖြစ် ရဲအောင်၊ ဟဲဗီးဖြိုး၊ ယွန်းယွန်း၊ စိုးမိုးကြည်၊ သန်းသန်းစိုး၊ လှလှမိုး၊ ဒေါ်ဖြိုး၊ ဆုထက်ကုဋေ၊ ဆုဝတီ၊ ချောချော၊ အေနီဇော်၊ ကောင်းမိုးယံနှင့် သရုပ်ဆောင်များစွာ ပါဝင်ကြသည်။
Mizzima
No comments:
Post a Comment