Tuesday, February 11, 2014

ဝါ၀ါဝင်းကခြိမ်းခြောက်တာလားKNU ကခြိမ်းခြောက်တာလား


Tuesday, February 11, 2014
(၁၉.၁.၂၀၁၄)တနင်္ဂနွေနေ့ စံတော်ချိန်နေ့စဉ်သတင်းစာတွင် ““သတင်းထောက်အောင်မြင်ရဲဇော် နှင့် မော့ဂျေဝါ၀ါဝင်းနှင့် လှိုင် သာယာဒေသခံများပြဿနာဖြစ် ပွား””သတင်းကိုဖတ်ရှုခဲ့ရသည်။ ထို့နောက်ဖေဖော်ဝါရီလ ၁ရက်၊ စနေနေ့ထုတ်ယူနတီ (UNITY WEEKLY NEWS) ဂျာနယ်အတွဲ (၃)၊ အမှတ်(၅)စာမျက်နှာ(၃၆) တွင် သတင်းထောက်ရာဇာဦးနှင့် နောင်ရဲအောင်တို့ရေးသားသော ““ကျူးကျော်နေထိုင်သူကမကျေနပ် ၍ သေနတ်ကိုင်အဖွဲ့ဖြင့် ခြိမ်း ခြောက်မှုလှိုင်သာယာမြို့နယ်တွင် ဖြစ်ပွား””ဟူသောသတင်းကိုဖတ်ရှု ခဲ့ရပြန်သည်။ ထို့နောက် ဖေဖော် ၀ါရီလ(၇)ရက်၊ သောကြာနေ့ထုတ် လူထုပုံရိပ်ဂျာနယ်အတွဲ(၂)အမှတ် (၁၉)တွင် သတင်းထောက် ကေသွယ်ရေးသားသော““လက်နက် များဖြင့်ဝင်ရောက်ခြိမ်းခြောက်သည့်ြု့ကိုလက်နက်မပါဟု စခန်း မှူးဆို””ဟူသော သတင်းကိုဖတ်ရှုခဲ့ ရပြန်သည်။ ထို့နောက်ဖေဖော်ဝါ ရီလ(၈)ရက်၊ စနေနေ့ထုတ်ယူနတီ (UNITY WEEKLY NEWS)  ဂျာနယ်အတွဲ(၃)၊ အမှတ်(၆) စာ မျက်နှာ(၁၂)ပါ သတင်းထောက် နောင်ရဲအောင်ရေးသားသော ““လယ်မြေများအားခြံစည်းရိုးကာရံ ၍ ၀ါဝါ၀င်းကုမ္ပဏီနှင့် ဒေသခံရွာ သားများပဋိပက်္ခဖြစ်ပွား””ဟူသော သတင်းကိုဖတ်ရှုရပြန်ပါသည်။

ဖတ်ရှုခဲ့ရသောအထက်ပါ သတင်းလေးပုဒ်စလုံးမှာ နေရာ ဒေသတစ်ခုအတွင်းဖြစ်ပွားခဲ့သော သတင်းတစ်ပုဒ်တည်းဖြစ်ပြီး သတင်းထောက်များ၏ရေးသား မှုမှာအမျိုးမျိုးကွဲပြားနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့်သတင်း အမှန်သိရှိနိုင်ရန် သတင်းထောက် ပေါ်ပေါက်ရာနေရာဒေသဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာ မြို့နယ်၊ ကမ်းမြို့ကျေးရွာသို့သွား ရောက်စုံစမ်းခဲ့ရာ ဒေသခံတောင် သူလယ်သမားတစ်ဦးလည်းဖြစ်၊ ရွာသားတစ်ဦးလည်းဖြစ်သော ဦး သာမြအားမေးမြန်းခဲ့ရာ ““၁၈.၁. ၂၀၁၄ရက် စနေနေ့က ၀ါဝါ၀င်း ကုမ္ပဏီက၀န်ထမ်းအယောက်(၂၀) ခန့်နှင့် တုတ်၊ ဓား၊ လေးဂွ၊ ဂျင် ကလီလက်နက်မျိုးစုံကိုင်ဆောင် လာသောလူအင်အား(၇၀)ခန့်၊ စုစုပေါင်းလူအင်အား(၉၀)ခန့်ဖြင့် လယ်သမားများပိုင်ဆိုင်သောမြေ/ ယာများအား အတင်းဝင်ရောက် ဖျက်စီးပြီး ခြံစည်းရိုးဝင်ရောက် ကာရံခဲ့ကြပါသည်။

လယ်သမားများကလည်း ခြံစည်းရိုးကာရံခြင်းအားဝင်ရောက် တားဆီးပါက တုတ်၊ ဓား၊ လက် နက်၊ လေးဂွများဖြင့်ပစ်ခတ်တိုက် ခိုက်မည်ဖြစ်ပြီး ရွာအားမီးရှို့မည် ဟု ခြိမ်းခြောက်ပြောဆိုပါသည်။

၁၉.၁.၂၀၁၄၊ တနင်္ဂနွေ နေ့တွင် အထက်ပါအင်အား(၉၀) ခန့်ဖြင့် ထပ်မံရောက်ရှိလာရာ ၎င်းတို့ရန်မပြုမီကိုကြောက်ရွံ့၍ အိမ်ပေါ်တက်ပြေးသွားသော ရွာသားမောင်ဇော်ဇော်နှင့်မောင် ဇော်ထွန်းတို့အားလေးဂွအတွင်း ကုံးတီးများထည့်ကာ ၎င်းင်းတို့အိမ် အတွင်းသို့ပစ်ခတ်ခဲ့ပါသည်။ ထို့ ကြောင့်ရွာသားမောင်ဇော်ဇော်တွင် လက်ကိုထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရွာသားမောင်ဇော်ထွန်းသည် ခြေ ထောက်တွင်ဒဏ်ရာရရှိခဲ့သဖြင့် လှိုင်သာယာမြို့နယ်၊ သောင်ကြီး ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့ပါ သည်။ ယူနတီဂျာနယ်နှင့် လူထု ပုံရိပ်ဂျာနယ်တို့တွင်ရေးသားခဲ့သော KNU အဖွဲ့များလာသည်ဆိုတာက KNU/KNLA(PC) ကရင်ငြိမ်းချမ်း ရေးကောင်စီကရွာထဲကို ကား အရောင်းအ၀ယ်ကိစ်္စနှင့်ရောက်ရှိ လာတာဖြစ်ပြီး လက်နက်မျိုးစုံကိုင် လူတစ်စုကရွာသားများကိုအနိုင် ကျင့်နေတာတွေကိုနီးစပ်ရာရွာသား များကအကူအညီတောင်းလို့ ယခုလိုအနိုင်မကျင့်ဖို့ကောင်းမွန်စွာ ပြောဆိုပြီး ပြန်သွားကြတာဖြစ်ပါ တယ်””ဦးသာမြက ပြောကြားခဲ့ပါ သည်။

KNU/KNLA (PC) ငြိမ်းချမ်း ရေးကောင်စီမှ ဗိုလ်ကြီးစောလီယို အား တွေ့ဆုံမေးမြန်းခဲ့ရာ ““ကျွန်တော်တို့က အဲဒီနေ့က ကားအရောင်းအ၀ယ်ကိစ်္စနှင့်ကမ်း မြို့ရွာသို့သွားတာ အဲဒီအချိန်မှာ လူမိုက်တွေဟုထင်ရသောလူအင် အားအယောက်(၃၀)ခန့်က တုတ်၊ ဓား၊ လေးဂွ၊ ဂျင်ကလီများကိုင် ဆောင်၍ လယ်သမားလေး/ငါး ဦးခန့်အား ၀ိုင်းထားရာပစ်မည်၊ ခတ်မည်၊ ဓားနှင့်ခုတ်မည်ဟုခြိမ်း ခြောက်မောင်းထုတ်နေသည်ကို တွေ့ရ၍ ထိုကဲ့သို့အနိုင်မကျင့်ရန် လူမိုက်ခေါင်းဆောင်ဒေါင်းညီဆိုသူ နှင့် မင်းသားကြီးဆိုသူတို့အား ကောင်းမွန်စွာပြောကြားခဲ့ခြင်းသာ ဖြစ်ပြီး ထိုသို့ဖြစ်ပြီးနောက် လှိုင် သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိလာပြီး လှိုင်သာယာမြို့ နယ်အုပ်ချုပ်ရေးမှူးရုံးတွင်ခေါ်ယူ ညှိနှိုင်းရှာဖွေမှုများပြုလုပ်ခဲ့ပြီး မည်သည့်လက်နက်မှမပါဝင်ကြောင်း ဓာတ်ပုံ/ဗီဒီယိုမှတ်တမ်းများရှိခဲ့ ပါသည်။

ထို့နောက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်လွင်မှနှစ်ဦး နှစ်ဘက်အားလုံးကိုဥပဒေအရ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းပြောကြားခဲ့ပြီးနောက် ကျွန်တော်တို့အဖွဲ့(၃)ဦးနေအိမ်သို့ ပြန်ခဲ့ကြပါသည်””ဟု ဗိုလ်ကြီး စောလီယိုမှပြောကြားခဲ့သည်။

အထက်ပါသတင်းဖြစ်စဉ် များမှ သတင်းသမားများကဖြစ် စဉ်၏အစအဆုံးနှစ်ဦးနှစ်ဖက်နှင့် တာဝန်ရှိသူများအားသေချာစွာ စုံစမ်းမေးမြန်းမှုမရှိဘဲ တစ်ဖက် တည်းကိုသာမေးမြန်းရေးသားခဲ့ ခြင်းကြောင့် လယ်သမားများနှင်KNU/KNLA (PC) ကရင်ငြိမ်း ချမ်းရေးကောင်စီအဖွဲ့ဝင်များ အတွက် နစ်နာမှုများပေါ်ပေါက် ခဲ့ကြောင်း ၎င်းတို့မှပြောကြားခဲ့ သည်။   

Hot News Journal

No comments: