Friday, February 14, 2014
“ရာသီဥတုပြောင်းလဲခြင်း၏ နိုင်ငံရေး ”သင်တန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီက ပထမအကြိမ်အဖြစ် ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၄ရက်မှ ၁၆ ရက်အထိ ကျင်းပလျှက်ရှိသည်။
ရာသီဥတု ပြောင်းလဲခြင်း၏ နိုင်ငံရေး သင်တန်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်ညီလာခံ
ကျင်းပရေး ဗဟိုကော်မတီ၊ NLD သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ(ဗဟို) နှင့် KAS ( Konrad Adenauer Stiftung )တို့ပူးပေါင်း ပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါ သင်တန်းကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ၄၀ကို ရွေးချယ်ကာ သင်တန်းပေးခြင်းဖြစ်သည်။ သင်တန်းပြီးဆုံးသော NLD အဖွဲ့ဝင် သင်တန်းသားများ အနေဖြင့် ယင်းတို့၏ ဒေသများတွင် သင်တန်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည် ဝေမျှရမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ် တစ်ခုလျှင် လူနှစ်ဦးစီ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ အထွေထွေ အတွင်းရေးမှုး ဦးခင်ဇော်လေးက " အခု သင်တန်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်တွေကြီးပဲတက်တဲ့သင်တန်းပါ။ နောက်တစ်ခါဖွင့်မယ့် သင်တန်းမှာ NLD အဖွဲ့ဝင် မဟုတ်ဘဲ ဒီပြင့် သဘာဝ ပတ်ဝန်းကျင်ကို စိတ်ပါဝင်စားတဲ့ သူတွေလည်း
တက်ရောက်နိုင်အောင် စီစဉ်ပေးသွားမှာပါ” ဟု ဆိုသည်။
အဆိုပါ သင်တန်းတွင် သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုများအကြောင်း တိုင်ပင်ဆွေးနွေးမည်ဖြစ်ပြီး ပျက်ဆီးနေသည့် သဘာဝ ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းပြုပြင် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ အဆိုပါနည်းလမ်းများကို မိမိဒေသတွင် အကောင်အထည် ဖော်နိုင်ခြင်း ရှိမရှိ စသည်တို့ကို တိုင်ပင်ဆွေးနွေးမည်ဖြစ်သည်။
Mizzima - News in Burmese

No comments:
Post a Comment