Monday, March 31, 2014

ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ချစ်ကြည်ရေး ပူးတွဲကြေညာချက် ထုတ်ပြန်

Monday, March 31, 2014

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူနှင့် ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေး ပူးပေါင်း ကာ ဗုဒ္ဒဘာသာနှင့်အစ္စလာမ်ဘာသာနှစ်ခု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးနှင့်ပတ်သက်သော ပူးတွဲကြေ ညာချက်တစ်စောင်ကို မတ်လ၂၉ ရက်က ရန်ကုန်မြို့၊ မီကာဆာဟိုတယ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ ယှဉ်တွဲနေထိုင်နိုင်ရေး အတွက် အခြေခံကျသောအချက်များကို ထည့်သွင်းစဉ်းစားခဲ့ဖြစ်သည်ဟု ဦးဝီရသူက မိန့်သည်။
ဒီနိုင်ငံတွင်းမှာ ချစ်ကြည်စွာနေထိုင်ဖို့ဆိုရင် အခြေခံကျတဲ့အချက်တွေကို နှစ်ဦးနှစ်ဖက်လိုက်နာစရာရှိတာ လိုက်နာဖို့လိုပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ယင်းသဘောတူညီချက်တွင် အချက်သုံးချက်ပါဝင်ပြီး နိုင်ငံတော်အလံကို ရိုသေလေးစားသူ၊ နိုင်ငံအပေါ် သစ္စာစောင့်သိသူ၊ ပြည်သူ့ကျေးဇူးသိတတ်သူ မည်သူ့ကိုမဆို လူမျိုးဘာသာမခွဲခြားဘဲ စောင့်ရှောက်သွား မည်။

မြန်မာ့ထုံးတမ်းစဉ်လာနှင့်ကိုက်ညီသော နိုင်ငံသား အစ္စလာမ်ဘာသာဝင် မွတ်ဆလင်အသိုင်းအ၀ိုင်း ပေါ် ပေါက်လာရန် ကြိုးပမ်းသွားမည်။ မြန်မာနိုင်ငံရှိ အများစု ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ အကြား အထင်အမြင်လွဲမှားမှုများကို နိုင်ငံအပေါ် စောင့်သိရိုသေမှုနှင့်အတူ တဖြည်းဖြည်းချင်း နားလည် မှုရရှိအောင် တည်ဆောက်သွားမည်ဟု သဘောတူညီချက်တွင် ပါရှိသည်။

Mizzima 

No comments: