Tuesday , March 18 , 2014
သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်ယူနိုင်မည့် နောင်ဖနှင့် မန်တောင်း ရေကာတာ တည်ဆောက်နိုင်ရေး အတွက် တရုတ်ကုမ္ပဏီ Hydro China Corporation နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန တာဝန်ရှိသူများက ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့ ဒေသခံများနှင့် မတ်လ ၁၇ ရက်နေ့က ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။
ရေကာတာ တည်ဆောက်ရန်အတွက် ဖြစ်မြောက်နိုင်စွမ်း အကြို လေ့လာ ဆန်းစစ်မှု ပြုလုပ်ထားသည့် အခြေအနေကို ဒေသခံများအား ချပြ ဆွေးနွေးခြင်း ဖြစ်ပြီး စီမံကိန်း အကောင်အထည် ဖော်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများကို ဖြေရှင်းပေးမည်ဟု ပြောဆိုသွားကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ တန့်ယန်း ဒေသခံ ဦးစိုင်းစန်းတင်က ပြောဆိုသည်။
“ဒီစီမံကိန်းကြီးကို ဒေသခံတွေ အားလုံးက ထောက်ခံပါတယ်လို့ မပြောပါဘူး။ သူတို့က နိုင်ငံတော်ရဲ့စီမံကိန်းကြီး ဖြစ်လို့ တာဝန်ယူပါ့မယ် ပြောပေမယ့် အပြောနဲ့ အလုပ် ညီပါ့မလား ဆိုတာတော့ မသိနိုင်ဘူး” ဟု ၎င်းကဆိုသည်။သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်ယူနိုင်မည့် နောင်ဖနှင့် မန်တောင်း ရေကာတာ တည်ဆောက်နိုင်ရေး အတွက် တရုတ်ကုမ္ပဏီ Hydro China Corporation နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန တာဝန်ရှိသူများက ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့ ဒေသခံများနှင့် မတ်လ ၁၇ ရက်နေ့က ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။
ရေကာတာ တည်ဆောက်ရန်အတွက် ဖြစ်မြောက်နိုင်စွမ်း အကြို လေ့လာ ဆန်းစစ်မှု ပြုလုပ်ထားသည့် အခြေအနေကို ဒေသခံများအား ချပြ ဆွေးနွေးခြင်း ဖြစ်ပြီး စီမံကိန်း အကောင်အထည် ဖော်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများကို ဖြေရှင်းပေးမည်ဟု ပြောဆိုသွားကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ တန့်ယန်း ဒေသခံ ဦးစိုင်းစန်းတင်က ပြောဆိုသည်။
ရေကာတာ အနီးဝန်းကျင် ကျေးရွာဒေသခံ များမှာ နေရပ်များ ပြောင်းရွှေ့ ပေးရခြင်းနှင့် ရေကာတာ တည်ဆောက် ပြီးပါကလည်း မြစ်အောက်ပိုင်း ကျေးရွာများ ရေကြီး နစ်မြုပ်မည့် အန္တရာယ်ကို စိုးရိမ်နေရခြင်းကြောင့် စီမံကိန်း ရပ်ဆိုင်းပေးရန် တောင်းဆိုနေရခြင်း ဖြစ်ကြောင်း စီမံကိန်းအနီး ကျေးရွာ ဒေသခံများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ပြောဆိုကြသည်။
နောင်ဖ ရေကာတာမှ လျှပ်စစ်ဓာတ်အား တစ်နှစ်လျှင် ၁၀၀၀ မဂ္ဂါဝပ် ထုတ်ယူမည် ဖြစ်ပြီး မန်တောင်း ရေကာတာမှ တစ်နှစ်လျှင် မဂ္ဂါဝပ် ၂၀၀ ထုတ်ယူမည် ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
ရေအားလျှပ်စစ် ထုတ်ယူရန်အတွက် သံလွင်မြစ်ပေါ်တွင် ကွမ်းလုံ၊ နောင်ဖ၊ တာဆန်း၊ မန်တောင်း၊ ရွာသစ်နှင့် ဟတ်ကြီး ရေအားလျှပ်စစ် ထုတ်ယူရေး ရေကာတာ စီမံကိန်းများကို တရုတ်၊ ထိုင်းကုမ္ပဏီတို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment