Wednesday, March 26, 2014

ပခုက္ကူ တွင် ခွင့်ပြုချက်မရပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒဖော် ထုတ်ပွဲ ပြုလုပ်ခဲ့ကြတဲ့အတွက် ဆန္ဒပြပွဲကို ဦးဆောင်သူတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲသွားမည်

Wednesday, March 26, 2014

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှာ ခွင့်ပြုချက်မရပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြတဲ့အတွက် ဆန္ဒပြပွဲကို ဦးဆောင်သူတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲသွားမယ်လို့ ပခုက္ကူမြို့နယ် ရဲစခန်းမှူးက ပြောပါတယ်။

မကွေးတိုင်း ပခုက္ကူ မြို့နယ်မှာ မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းက ပြုလုပ်သွားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲအတွက် ဒေသခံရဲတပ်ဖွဲ့ကို ခွင့်ပြုချက် တောင်းခဲ့ပေမယ့်လဲ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူတရပ်လုံး ပါဝင်တဲ့ ဖွဲ့စည်းပုံဖြစ်ပြီး ပြင်ဆင်ဖို့ မလိုအပ်ဘူးဆိုတဲ့ အချက် အပါအ၀င် ဆန္ဒပြဖို့ တောင်းဆိုတဲ့ နေရာဟာ အများသူငါ သွားလာတဲ့ အဓိကလမ်းကြောင်း ဖြစ်လို့ ယာဉ်ကြောပိတ်မှာဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွတ်တော်မှာ ဆောင်ရွက်နေတဲ့အတွက်မလိုအပ်ဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စည်တန်းလှည်လည်ခြင်းဟာ ရပ်ရွာ အေးချမ်းသာယာရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး အချက် ၄ ချက်နဲ့ ဆန္ဒပြခွင့် ပိတ်ပင်ခဲ့ပါတယ်။ ရဲစခန်းက ခွင်မပြုခဲ့ပေမယ့် ဆန္ဒပြမှုတွေကို မတ်လ ၂၆ ရက်နေ့မှာ ဆက်လုပ်ခဲ့ကြတာပါ။
ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နေချိန်မှာ ဒေသခံ ရဲတပ်ဖွဲ့က ၂ ကြိမ် တားဆီးပြီး ခွင့်ပြုချက် တင် မတင်၊ ခွင့်ပြုချက် ရ မရ မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ပခုက္ကူ ဆန္ဒပြပွဲမှာ လူပေါင်း တထောင်ကျော် ပါဝင်ခဲ့ပြီး ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုပြုံးချို၊ မနီလာသိန်းနဲ့ မမီမီးတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ပါတယ်။ ရဲစခန်းကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုပြုံးချို၊ မနီလာသိန်း၊ မမီးမီးနဲ့ ဒေသခံ ၂ ယောက်တို့ကို ပုဒ်မ ၁၈ နဲ့တရားစွဲပြီးရင် အာမခံပေးမယ်၊ ခံဝန်လက်မှတ် ထိုးရမယ်လို့ စခန်းမှူးက ပြောပေမယ့် သူတို့ ၅ ယောက်လုံးက ခံဝန်လဲမထိုး၊ အာမခံလဲမယူ၊ လုပ်ထုံးလုပ်နည်းအတိုင်း အချုပ်ခန်းထဲကိုသာ ထည့်ဖို့ ပြောတယ်လို့လဲ သိရပါတယ်။

DVB TV News

1 comment:

Unknown said...

လာလည်သွားပါတယ်ဗျာ.. ကျွန်တော်တို့ ဘာလောဂ် http://mmtgs.blogspot.com ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်