Monday, March 03, 2014

(၁၁)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို မတ်လ ၅ ရက်နေ့ နေ့လည် နှစ်နာရီ နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ပြုလုပ်မည်ဖြစ်


Monday, March 03, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သတင်းစာရှင်းလင်းပွဲ အသိပေးချက် 

(၁၁)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို မတ်လ ၅ ရက်နေ့ နေ့လည် နှစ်နာရီ နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တက်ရောက်ရှင်းလင်းမယ့် ဒီသတင်းစာ ရှင်းလင်းပွဲမှာ သတင်းမီဒီယာများအနေဖြင့် အောက်ဖော်ပြပါ အစီအစဉ်များ ကြိုတင် သိရှိထားရန် အသိပေးအပ်ပါတယ်-

ပထမဦးစွာ (၁၁)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေးရဲ့ ပူးတွဲထုတ်ပြန်ကြေည်ာချက်ကို ရှင်းလင်းမှာ ဖြစ်ပါတယ်။

၎င်းနောက် ဒုတိယအစီအစဉ်အရ သတင်းမီဒီယာများရဲ့ သိလိုတဲ့ မေးခွန်းများကို ပြန်လည်ဖြေကြားပေးမှာ ဖြစ်ပါတယ်-

(၁) အစည်းအဝေး၊ ထုတ်ပြန်ကြေညာချက်နဲ့ စပ်လျဉ်းတဲ့ မေးခွန်းတွေ မေးမြန်းရန် ဖြစ်ပါတယ်။ (ကြိုတင်လေ့လာထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်)

(၂) အစည်းအဝေး၊ ပူးတွဲကြေညာချက်နဲ့ မသက်ဆိုင်တဲ့ မေးခွန်းတွေကို လက်ခံ ဖြေဆိုပေးမှာ မဟုတ်ဘူးလို့ အကြမ်းဖျင်းသိရပါတယ်။ (အစည်းအဝေးနဲ့သက်ဆိုင်တဲ့ မေးခွန်းများ ကြိုတင်ပြင်ထားနိုင်ပါတယ်) 

(၃) မေးခွန်းများ မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းအတွက် အချိန် ၃၀ မိနစ် ခန့် လျာထားကြောင်း သိရပါတယ်။

credit to : Hmuu Zaw 

No comments: