Thursday, March 27, 2014
မြောက်ကိုရီးယားနိုင်ငံသည် ဗုဒ္ဓဟူးနေ့က တာလတ်ဒုံးကျည်ဟု ယူဆရသော ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံက ပြောကြားလိုက်သည်ဟု မတ်လ ၂၆ ရက်က အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းစမ်းသပ်မှုသည် နယ်သာလန်နိုင်ငံတွင် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့ မြောက်ကိုရီးယား အရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့်လေးနှစ်ခန့်က တောင်ကိုရီးယား စစ်သင်္ဘောတစ်စင်းနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး ၎င်းနှင့်ပတ် သက်၍ တောင်ကိုရီးယားနှင့် အခြားနိုင်ငံများက ယင်းကိစ္စမှာ မြောက်ကိုရီးယားတို့၏ တော်ပီဒိုကြောင့် ဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။ သို့ရာတွင် သင်္ဘောသား ၄၆ ဦးသေဆုံးခဲ့သော အဆိုပါ စစ်သင်္ဘော နစ်မြုပ်မှုမှာ ၎င်းတို့နှင့် မသက်ဆိုင်ဟု မြောက်ကိုရိးယားတို့က ငြင်းဆိုခဲ့သည်။ ယခုကဲ့သို့ စမ်းသပ်ပစ်လွှတ် မှုသည် ကုလသမဂ္ဂ၏ပဋိညာဉ်ကို ချိုးဖောက်ခြင်းဖြစ်ပြီး ဆက်လက်၍လည်း တာတိုပစ်ဒုံးကျည်တွဲများ ပစ် လွှတ်ရန်အတွက် လမ်းစတစ်ရပ်ပင်ဖြစ်သည်ဟု သိရသည်။ ထို့ပြင် အစောပိုင်းကာလက မြောက်ကိုရီး ယားတို့သည် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်နေမှုများကို အပြင်းအထန် ဆန့် ကျင်ကန့်ကွက်ခဲ့ပြီး ၎င်းလေ့ကျင့်မှုများမှာ ကျူးကျော်ရန် ပြင်ဆင်နေခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။မြောက်ကိုရီးယားနိုင်ငံသည် ဗုဒ္ဓဟူးနေ့က တာလတ်ဒုံးကျည်ဟု ယူဆရသော ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံက ပြောကြားလိုက်သည်ဟု မတ်လ ၂၆ ရက်က အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းစမ်းသပ်မှုသည် နယ်သာလန်နိုင်ငံတွင် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့ မြောက်ကိုရီးယား အရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဒုံးကျည်နှစ်စင်းကို ဗုဒ္ဓဟူးနေ့ အစောပိုင်းက မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်း၏ မိုင် ၄၀ မိုင်ခန့် အကွာတွင် ပျံသန်းလျက် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ကျရောက်ပေါက်ကွဲသွား သည်ကိုတော့ သေချာစွာမသိရှိကြောင်း တောင်ကိုရီးယားစစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Mizzima
No comments:
Post a Comment