Friday, March 28, 2014
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ တာမိုးညဲမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းများက အဓမ္မစစ်သား စုဆောင်းခေါ်ယူမူ့များ ရှိနေသဖြင့် ဒေသခံတိုင်းရင်းသားတချို့သည် လားရှိုးမြို့ပတ်ဝန်းကျင်ရှိကျေးရွာများတွင် လာရောက်ခိုလူံလျှက်ရှိနေကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ရွာမှာက အိမ်ခြေနှစ်ဆယ်လောက်ရှိပြီး အရွယ်ရောက်တဲ့သူတိုင်း စစ်ထဲဝင်ဖို့ ကချင်လက်နက်ကိုင်အဖွဲ့က လာခေါ်လေ့ရှိပါတယ်။ အခုနောက်ပိုင်းကျတော့ အသက်လေးဆယ်ဝန်းကျင် လူကြီးပိုင်းတွေကိုပါ အဓမ္မခေါ်ယူဖို့ လုပ်လာတဲ့အတွက် အိုးအိမ်တွေကိုစွန့်ခွာပြီး မိသားစုလိုက်ထွက်ပြေးခဲ့ရတာပါ။ တချို့ရွာသားတွေလဲ သူတို့နဲ့သိကျွမ်းရာ ဝေးလံတဲ့ နေရာတွေကို ပြေးကုန်ကြပါတယ်”ဟု ထွက်ပြေးလာသော လီဆူးတိုင်းရင်းသားတစ်ဦးက ပြောသည်။

၎င်းစစ်သားမလုပ်လိုသောကြောင့် ထွက်ပြေးလာသူများမှာ လီဆူးတိုင်းရင်းသားမိသားစုဝင်များဖြစ်ပြီး နို့စို့ခလေးနှင့် အမျိုးသမီးများ အပါဝင်လူဦးရေ အားဖြင့် ၁၆ဦးရှိသည်။
“ကျွန်တော်တို့ရွာကို အခုရောက်လာတဲ့ဒုက္ခသည် မိသားစုတွေကဒီရွာမှာသူတို့ရဲ့ ဆွေမျိုးသားချင်းတွေမရှိပေမဲ့ လူသားချင်းစာနာထောက်ထားတဲ့ စိတ်နဲ့ကျွန်တော်တို့မှာ ကူညီရမဲ့တာဝန်ရှိလို့ ဝိုင်းဝန်းကူညီ ထားကြတာပါ
တခြားရွာတွေမှာလဲ အခုလိုဒုက္ခသည်တွေ ရောက်ရှိနေကြောင်းကြားနေရပါတယ်”ဟု ရွာရှိရပ်မိရပ်ဖတဦးက ပြောသည်။
အဆိုပါထွက်ပြေးတိမ်ရှောင်လာသူ မိသားစုများကို ဒေသခံရွာသားများက အသင့်ဆောက်လုပ်ပြီးရှိနေသည့် တဲအိမ်တစ်လုံးတွင် ထားရှိပြီးမတ်လ ၂၄ရက်မှယခုအချိန်ထိ စားသောက်ရေးကို စေတနာရှင်ရွာသားများ၏ ကူညီထောက်ပံ့ကူညီထားမူဖြင့် နေထိုင်စားသောက်လျှက်ရှိကြောင်း သိရသည်။
စောထ (တင်ဦး)
The Myanma Age
No comments:
Post a Comment