Tuesday, March 11, 2014
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောထား ကွဲလွဲနေသည့် စာချွန်တော် အမိန့်လျှောက်ထားမှု ဆိုင်ရာ ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းတို့ကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် အတွက် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ ဥပဒေကြမ်း နှစ်ခုသည် ဆွေးနွေးချိန် တစ်နှစ်ကျော်ကြာ မြင့်နေပြီ ဖြစ်သော်လည်း အတည်ပြု ပြဋ္ဌာန်းရန် လွှတ်တော်နှစ်ရပ်ကြား သဘောထား ကွဲလွဲနေသဖြင့် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ခံယူရန် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက မတ်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
စာချွန်တော် အမိန့်လျှောက်ထားမှု ဆိုင်ရာ ဥပဒေကြမ်းတွင် သဘောထား ကွဲလွဲချက် တစ်ခုသာ ရှိသော်လည်း အမျိုးသား လူ့အခွင့်အရေး ဥပဒေကြမ်းတွင် ကွဲလွဲချက် ၁၄ ချက် ဖြစ်ပေါ်နေကြောင်း ဥပဒေကြမ်း ကော်မတီဝင် ဦးသိန်းထွန်းဦးက ပြောကြားသည်။ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောထား ကွဲလွဲနေသည့် စာချွန်တော် အမိန့်လျှောက်ထားမှု ဆိုင်ရာ ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းတို့ကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် အတွက် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ ဥပဒေကြမ်း နှစ်ခုသည် ဆွေးနွေးချိန် တစ်နှစ်ကျော်ကြာ မြင့်နေပြီ ဖြစ်သော်လည်း အတည်ပြု ပြဋ္ဌာန်းရန် လွှတ်တော်နှစ်ရပ်ကြား သဘောထား ကွဲလွဲနေသဖြင့် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ခံယူရန် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက မတ်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
လူ့အခွင့်အရေး ဥပဒေကြမ်း၏ ပုဒ်မ ၃ (ခ) တွင် “ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အသိအမှတ်ပြု၍ လူ့အခွင့်အရေးကို လေးစား ကာကွယ်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာစေရန်” ဟု ပြည်သူ့လွှတ်တော်က အတည်ပြုထားပြီး အမျိုးသားလွှတ်တော်က “ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းကို အသိအမှတ်ပြု၍ လူ့အခွင့်အရေးကို လေးစား ကာကွယ်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာစေရန်” ဟု အတည်ပြုထားခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ကွဲလွဲချက်အပေါ် “ကုလသမဂ္ဂ ထုတ်ပြန်သော လူ့အခွင့်အရေး ကြေညာစာတမ်းကို အသိအမှတ်ပြု၍ လူ့အခွင့်အရေးကို လေးစား ကာကွယ်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာစေရန်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ကြားဝင် ညှိနှိုင်းထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
အဆိုပါ ကွဲလွဲချက် အပါအဝင် အခြားညှိနှိုင်းချက်များ အပေါ် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက မတ်လ ၂၃ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ရုံးသို့ အမည်စာရင်း ပေးပို့ရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ကြေညာထားသည်။
The Voice Weekly
No comments:
Post a Comment