Tuesday , March 18 , 2014
ရခိုင်အမျိုးသမီးထု စွမ်းရည် မြင့်မားလာစေရန် ရခိုင်အမျိုးသမီးများ အစည်း အရုံး (RWU) ၏ စတုတ္ထအကြိမ်မြောက် ညီလာခံကို စစ်တွေမြို့တွင် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ လေးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောစံငြိမ်းသူက ပြောကြားသည်။
ရခိုင်အမျိုးသမီးများ အကြမ်းဖက်ခံ ဘဝမှ လွတ်မြောက်စေရန်၊ နိုင်ငံရေးနှင့် အခြားလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများတွင် ဦးဆောင်မှု နေရာတွင် ပိုမို ပါဝင်လာနိုင်ရန်၊ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမို ထိရောက်စွာ လုပ်ဆောင်လာနိုင်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
နာမည် ထင်ရှား ကျော်ကြားသော အမျိုးသမီးများ၊ တက်ကြွ လှုပ်ရှားသူများကို အထူးဧည့်သည်တော်များ အဖြစ် ဖိတ်ကြားသွားမည် ဖြစ်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းစသည့် နိုင်ငံတကာတွင် ရောက်ရှိနေသည့် RWU ကိုယ်စားလှယ်များ ကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံးထံမှ သိရှိရသည်။ရခိုင်အမျိုးသမီးထု စွမ်းရည် မြင့်မားလာစေရန် ရခိုင်အမျိုးသမီးများ အစည်း အရုံး (RWU) ၏ စတုတ္ထအကြိမ်မြောက် ညီလာခံကို စစ်တွေမြို့တွင် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ လေးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောစံငြိမ်းသူက ပြောကြားသည်။
ရခိုင်အမျိုးသမီးများ အကြမ်းဖက်ခံ ဘဝမှ လွတ်မြောက်စေရန်၊ နိုင်ငံရေးနှင့် အခြားလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများတွင် ဦးဆောင်မှု နေရာတွင် ပိုမို ပါဝင်လာနိုင်ရန်၊ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမို ထိရောက်စွာ လုပ်ဆောင်လာနိုင်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရခိုင်အမျိုးသမီးများ အစည်းအရုံးကို ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ စတင် ဖွဲ့စည်းခဲ့သည်။
ပထမအကြိမ် ညီလာခံကို ၂၀၀၀ ပြည့်နှစ်၊ ဒုတိယအကြိမ် ၂၀၀၃ ခုနှစ်၊ တတိယအကြိမ် ၂၀၀၉ ခုနှစ်တို့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကျင်းပခဲ့ပြီး စတုတ္ထ အကြိမ်မြောက်ကို ရခိုင်ပြည်နယ်တွင် ကျင်းပမည် ဖြစ်သည်။
The Voice Weekly

No comments:
Post a Comment