Wednesday, March 12, 2014
ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အခွန်မဆောင်ရသေးသည့် ကုမ္ပဏီ တစ်သောင်းကျော် စာရင်းကို ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့ရာ နာမည်ကျော် ဘဏ်များနှင့် ကုမ္ပဏီအချို့ မှားယွင်း ဖော်ပြခံရသဖြင့် တောင်းပန်ကြောင်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။
ကွန်ပျူတာစာရင်း မှားယွင်းသဖြင့် ထုတ်ပြန်မှု မှားခြင်းဖြစ်ပြီး ယခုအခါ အခွန်မဆောင်သည့် ကုမ္ပဏီများ စာရင်းကို ပြန်လည် ပြင်ဆင် ဖော်ပြလျက် ရှိကြောင်း မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့တော်ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းကပြောဆိုသည်။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှု ခံယူရခြင်း မရှိသေးသည့် ကုမ္ပဏီများ စာရင်းကို မတ်လ ၇ ရက်နေ့က ပြည်တွင်းအခွန်များ ဦးစီးဌာန အင်တာနက် စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့ရာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်တို့အပြင် အခြားနာမည်ကျော် ကုမ္ပဏီ များကိုလည်း မှားယွင်း ထည့်သွင်းခဲ့သဖြင့် တောင်းပန်ကြောင်း ဦးတင်ထွန်းနိုင်က ပြောဆိုသည်။ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အခွန်မဆောင်ရသေးသည့် ကုမ္ပဏီ တစ်သောင်းကျော် စာရင်းကို ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့ရာ နာမည်ကျော် ဘဏ်များနှင့် ကုမ္ပဏီအချို့ မှားယွင်း ဖော်ပြခံရသဖြင့် တောင်းပန်ကြောင်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။
ကွန်ပျူတာစာရင်း မှားယွင်းသဖြင့် ထုတ်ပြန်မှု မှားခြင်းဖြစ်ပြီး ယခုအခါ အခွန်မဆောင်သည့် ကုမ္ပဏီများ စာရင်းကို ပြန်လည် ပြင်ဆင် ဖော်ပြလျက် ရှိကြောင်း မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့တော်ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းကပြောဆိုသည်။
“အဲဒီနေ့က နှစ်နာရီ၊ သုံးနာရီအတွင်း သိတာနဲ့ တစ်ပြိုင်နက် စာရင်းကို ပြန်ဖြုတ်ခဲ့တယ်။ အခုပြန်တင်ထားတဲ့ စာရင်းက အကုန်လုံး မှန်လားဆိုတော့ မှန်တယ်လို့ အားပျော့ပျော့လေးနဲ့တော့ ပြန်ဖြေတယ်” ဟု ၎င်းကဆိုသည်။
ဘဏ်များသည် အခြားသော ကုမ္ပဏီများနှင့် လုပ်ငန်း ဆောင်ရွက်ပုံခြင်း ကွဲပြားကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်မှုအောက်တွင် လုပ်ကိုင်ရခြင်း ဖြစ်ပြီး နေ့စဉ် ဝင်ငွေထွက်ငွေ စာရင်းများကို တင်ပြရသောကြောင့် ပြည်တွင်းဘဏ်များ အားလုံးအခွန် ပုံမှန်ဆောင်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ရှင်းပြသည်။
“မြန်မာနိုင်ငံမှာ အခွန်မဆောင်တဲ့ဘဏ် တစ်ခုမှ မရှိဘူး” ဟု ၎င်းကဆိုသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာန ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးသည် မတ်လ ၇ ရက်နေ့က အခွန်စည်းကြပ်မှု ခံယူခြင်း မရှိသော ကုမ္ပဏီ တစ်သောင်းကျော်ကို ထုတ်ပြန်ခဲ့ရာ ကုမ္ပဏီကိုးခု မှားယွင်း ဖော်ပြခဲ့ကြောင်း မတ်လ ၁၀ ရက်နေ့တွင် ကြေညာခဲ့သည်။
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SMIDB)၊ Korea Development Bank Co.,Ltd. နှင့် A-1 Garment စသည့်ကုမ္ပဏီ ငါးခုတို့မှာလည်း အခွန် ပေးဆောင်ပြီး ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အင်တာနက် စာမျက်နှာမှတစ်ဆင့် မတ်လ ၁၁ ရက်နေ့တွင် ထပ်မံ သတင်းထုတ်ပြန် ခဲ့သော်လည်း တောင်းပန်ချက် ရေးသားထားခြင်း မရှိပေ။
The Voice Weekly
No comments:
Post a Comment