Friday, March 14, 2014

ဧပြီဆွေးနွေးပွဲ၌ တပ်နေရာချထားရေးဆွေးနွေးမည်ဟု တပ်မတော်ကိုယ်စားလှယ်ဆို

Friday , March 14 , 2014
တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးမူကြမ်းရေးဆွဲနိုင်ရေးဧပြီလ ၌ နှစ်ဖက်ထပ်မံတွေ့ဆုံဆွေးနွေး ရာ၌ တပ်နေရာချထားရေးကိစ်္စ များအပါအ၀င်တပ်ပိုင်းဆိုင်ရာကိစ်္စ  များကို ထည့်သွင်းဆွေးနွေးသွား မည်ဟုဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ကပြောသည်။

ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်း ချမ်းရေးပြည်လည်ထူထောင်ရေး  လုပ်ငန်းဗဟိုဌာန (MPC) တွင် မတ်လ ၉ ရက်နေ့ ၁၀ ရက်နေ့ ၌ ပြုလုပ်ခဲ့သည့်အစိုးရနှင်NCCT တို့၏အပစ်အခတ်ရပ်စဲရေးညှိနှိုင်း  ဆွေးနွေးပွဲနောက်ဆုံးနေ့၌ မီဒီယာ များနှင့် တွေ့ဆုံခဲ့စဉ်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
“တိုင်းရင်းသားတွေ တင်ပြ ထားတဲ့ တပ်ပိုင်းဆိုင်ရာကိစ်္စတွေ က ဧပြီလဆွေးနွေးပွဲမှာ ထည့်ပြီး  ဆွေးနွေးသွားမှာပါ။ တူညီတာ တွေလည်းပါမယ်။ မတူညီတာတွေ၊ ဖြတ်ချမယ့်ဟာတွေလည်းပါမယ်”ဟု  တပ်မတော်မှ ကိုယ်စားလှယ်တစ် ဦးဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ကပြောသည်။ တပ်မတော်ကိုယ် စားလှယ်များအနေဖြင့် အမှန် တကယ်အပစ်ရပ်ကာငြိမ်းချမ်းရေး   ရရှိလို၍ ယခုဆွေးနွေးပွဲသို့တက် ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ တွင် တပ်မတော်ပိုင်းမှ ထိုးစစ်ဆင်  တာမျိုးလည်းမရှိကြောင်း ၎င်းက  ဆက်လက်ပြောဆိုခဲ့သည်။

NCCT  အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကမူ ဧပြီလ အစည်း အဝေး၌တပ်နေရာချထားရေးသာ မကဖက်ဒရယ်ပြည်ထောင်စုဖော် ဆောင်ရေး ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေကိစ္စရပ်များနှင့် ပတ်သက်  ၍လည်း အကျေအလည်ဆွေးနွေး  ရဖွယ်ရှိသည်ဟုပြောသည်။

MPC ၌ ကျင်းပခဲ့သည့်နှစ် ရက်ကြာအစည်းအဝေးမှ “တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးသဘော တူညီချက်ပူးတွဲရေးသားပြုစုရေး  လုပ်ငန်းအဖွဲ့”ကို အဖွဲ့ဝင် ၁၈ ဦး ဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ အစိုးရမှ ၃ ဦး၊ လွှတ်တော်ကိုယ်စားလှယ်  ၃ ဦး၊ တပ်မတော်သားကိုယ်စား လှယ် ၃ ဦးနှင်NCCT ဘက်မှ   ကိုယ်စားလှယ် ၉ ဦးအသီးသီးပါ ၀င်မည်ဖြစ်သည်။

ဧပြီလအတွင်း ထပ်မံပြုလုပ်  မည့်တွေ့ဆုံပွဲသို့တက်ရောက်နိုင် မည့်လူဦးရေကို အတိအကျသတ် မှတ်ခြင်းမရှိသေးသော်လည်း လွှတ်တော်ကိုယ်စားလှယ်တချို့ နှင်NCCT  အဖွဲ့ အတွင်း၌ မပါဝင်သေးသည့်အခြားအပစ် ရပ်အဖွဲ့အစည်းများကို အစိုးရပိုင်း  မှ ဦးစီးပြီးဖိတ်ကြားသွားမည်ဟု သိရသည်။

တစ်နိုင်ငံလုံးဆိုင်ရာအပစ် ရပ်ရေးစာချုပ်ကို ယခုနှစ်သြဂုတ် လ ၁ ရက်နေ့နောက်အကျဆုံး လက်မှတ်ရေးထိုးနိုင်ရန် ရည်ရွယ်   ထားကြကြောင်းလည်း အစည်း အဝေးသို့တက်ရောက်လာသည့် တပ်မတော်ကိုယ်စားလှယ်ဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယ  ဗိုလ်ချုပ်ကြီးကျော်ဆွေကပြော သည်။

HOT NEWS

No comments: