Thursday, March 06, 2014

ကျန်းမာရေးအတွက် လမ်းလျှောက်ရန် လိုအပ်ခြင်း

Thursday, March 06, 2014

လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူး ကတော့ ပြောမကုန်အောင် များပြားပါတယ်။

ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်း တွေရဲ့ (အာရုံခံ အကြောများ) Sensory touches တွေဟာ ခြေဖဝါးမှာ စုစည်းလို့ နေတယ်လို့ ဆိုပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း ခြေဖဝါးရဲ့ မျက်နှာပြင် တစ်ခုလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်း များ၏ ထိတွေ့မှုအာရုံများ ရှိနေပါတယ်။ ခြေဖဝါး နှိပ်နယ်ခြင်း (Foot message) လုပ်တာဟာ ခန္ဓာကိုယ် တစ်ခုလုံး နာကျင် ကိုက်ခဲမှုတွေကို ပြေပျောက်စေတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။

အာရုံကြောတွေဟာ တစ်ခုခြင်းစီရဲ့ အင်္ဂါ အစိတ်အပိုင်း အားလုံးကို ဆက်သွယ် ထားပါတယ်။ ဒါကြောင့်မို့ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး အကျိုးပေး တယ်လို့ လေ့လာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ (ဥပမာ-လမ်းလျှောက် ခြင်းဖြင့် သွေးလည်ပတ်မှု အားကောင်းစေခြင်း၊ နှလုံးအား ကောင်းစေခြင်း၊ အဆုတ်အား စသည်ဖြင့်......) ယင်းနှင့် ပက်သက်ပြီး အကျယ်တစ်ပွင့် ရှင်းလင်းချက်ကို Acupressure studies / textbooks တို့အပြင် အခြား အခြားသော ဆေးပညာ စာအုပ်တွေမှာပါ လေ့လာ ဖတ်ရှု နိုင်ပါတယ်။

Ref: medic facts

No comments: