Monday , March 17 , 2014
လေယာဉ်အကြီးကြီး လေထဲမှာ ဖျတ်ခနဲ ပျောက်သွားတာ ထူးဆန်းသည်။ဒီကိစ္စ ရှော့ခ်ရှိသည်။
တစ်ကမ္ဘာ လုံး အံ့သြ တုန်လှုပ်ကုန်သည်။ ပျံသန်းရင်း ပျောက်သွားတာပဲ သိကြသည်။ ဘာကြောင့်လဲ ဆိုတာ ဘယ်သူမှ အဖြေရှာမရ။
သတင်းစာတွေမှာ ဒီကိစ္စ ပလူပျံလာသည်။ ပါသွားတာက လူနှစ်ရာကျော်။ တရုတ်တွေ အများကြီးပါသည်။ အီရန်က နှစ်ကောင်လည်း ပါသည်ဟု ဆိုသည်။ ပတ်စ်ပို့ အတုဖြင့် လိုက်သွားသည် ဟုလည်း ဖော်ထုတ်ကြသည်။
လေးငါးရက် ကျော်လာသည့်တိုင် လေယာဉ်ကြီးကို ရှာမတွေ့။ တစ်ကမ္ဘာလုံး လက်မှိုင် ချရသည်။ မိသားစုတွေ ငိုကြ ယိုကြသည်။ လူသားအားလုံး စာနာစိတ်ဖြင့် ဆုတောင်း ပေးကြသည်။လေယာဉ်အကြီးကြီး လေထဲမှာ ဖျတ်ခနဲ ပျောက်သွားတာ ထူးဆန်းသည်။ဒီကိစ္စ ရှော့ခ်ရှိသည်။
တစ်ကမ္ဘာ လုံး အံ့သြ တုန်လှုပ်ကုန်သည်။ ပျံသန်းရင်း ပျောက်သွားတာပဲ သိကြသည်။ ဘာကြောင့်လဲ ဆိုတာ ဘယ်သူမှ အဖြေရှာမရ။
သတင်းစာတွေမှာ ဒီကိစ္စ ပလူပျံလာသည်။ ပါသွားတာက လူနှစ်ရာကျော်။ တရုတ်တွေ အများကြီးပါသည်။ အီရန်က နှစ်ကောင်လည်း ပါသည်ဟု ဆိုသည်။ ပတ်စ်ပို့ အတုဖြင့် လိုက်သွားသည် ဟုလည်း ဖော်ထုတ်ကြသည်။
မလေးရှား အစိုးရကတော့ လေယာဉ်ကြီးကို ပြန်ပေါ်လာစေရန် နတ်ဆရာတွေ ပင့်ချလာသည်။ မလေးရှား လေဆိပ်ထဲမှာ နတ်ဆရာတွေ အုန်းသီးနှစ်လုံး မြှောက်ပြီး ဥုံဖွ ဥုံဖွ ဂါထာ ရွတ်ကြသည်။
ဒါကိုမြင်တော့ မြန်မာတွေက ရယ်သည်။ မြန်မာ လေယာဉ်များကို စပျံမှု မလုပ်ခင် လေယာဉ်ရှေ့မှာ ကန်တော့ပွဲ အကြီးကြီး ထိုးပြီး ပွဲပေးနေသည့် ဓာတ်ပုံကို ပြ၍ ကြွားကြသည်။
မလေးရှားလို “အုန်းသီး နှစ်လုံးတောင် မလိုဘူး။ ငါတို့ မြန်မာတွေက တစ်လုံးတည်းနဲ့ ရတယ်။ အစကောင်းမှ အနှောင်း သေချာတာ။ ဟိုတစ်ခါ လေယာဉ် မတော်တဆ ဖြစ်တုန်းက ဆိုကြည့်ပါလား။ ကန်တော့ပွဲ ကြိုပေးထားလို့ လမ်းပေါ်မှာ သူ့ဘာသာ ဆိုင်ကယ် စီးနေတဲ့ ဦးပြားကိုပဲ ဝင်တိုက်မိတာ” ဟု ဆိုသည်။
နောက်ဆက်တွဲ စုံစမ်းမှုတွေအရ လေယာဉ်ကို နောက်ဆုံး ဖုန်းခေါ်လို့ ရခဲ့သည်ဟု တရုတ်နိုင်ငံသား တစ်ဦးက ပြောလာသည်။ ဖုန်းဝင်ပေမယ့် မကိုင်ဟု ဆိုသည်။ နောက်တော့ ဖုန်းအဆက်အသွယ် ပြတ်တောက်သွားသည်။
ဒါကို ကြည့်ခြင်းအားဖြင့် ဒီလေယာဉ်ကြီး မြန်မာနိုင်ငံထဲ ရောက်နေတာ ဖြစ်ရမည်ဟု မြန်မာတို့က ယူဆကြသည်။
“ဒီနိုင်ငံ ရောက်နေလို့ သူတို့ ဖုန်းတွေ မမိတော့တာ ဖြစ်မယ်။ ဒီမှာက ကိုယ်တွေတောင် ဖုန်းလိုင်းက မိချင်တာ မဟုတ်ဘူး” ဟု စုံထောက် ဝတ္ထုများ ဖတ်လေ့ရှိသည့် ဆိုက်ကားဆရာ တစ်ဦးက ၁၅၀၀ တန် ဖုန်းလေး ကိုင်၍ သုံးသပ်သည်။ ဆူးလေ ဘုရားအနီး အပင်အောက်တွင် ဗေဒင်ဟောသည့် ဗေဒင်ဆရာ တစ်ဦးက “ဒီလေယာဉ်ကြီးကို အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲသွားတာ ဖြစ်ပါတယ်။ တစ်ယောက်မှ မသေသေးပါဘူး” ဟု ခပ်တည်တည် ဟောကိန်းထုတ်သည်။
ထိုအနီးအနားမှာ စာကလေး ဗေဒင် လိုက်ဟောသည့် ကုလားမကြီး တစ်ဦးကတော့ “ဒီလေယာဉ်ဟာ တွင်းနက်ကြီးထဲ ရောက်သွားတာ ဖြစ်ပါတယ်။ စကြဝဠာ တွင်းနက်ကြီးထဲ ခဏ ရောက်သွားတဲ့ အတွက် အချိန်တန်ရင် ပြန်ပေါ်လာမှာပါ” ဟု ဖိုသီဖတ်သီ နိမိတ်ဖတ်သည်။ ငြင်းခုံကြရင်း ဗေဒင်ဆရာနှင့် ကုလားမကြီးတို့ ထ၍ နပန်းလုံးကုန်သည်။
နားစွန်နားဖျား ကြားလိုက်ရသည့် မြို့တော်စည်ပင် ဝန်ထမ်း တစ်ဦးကတော့ “တွင်းနက်ကြီးကို ထုံးသွားသုတ်ဖို့ အထက်က ခိုင်းလာရင်တော့ ဒုက္ခပါပဲ” ဟု စိုးရိမ် တွေးတောလျက် ရှိသည်။
“တွင်းနက်ကြီးထဲ ရောက်သွားတယ် ဆိုတော့ ကပ္ပလီမတွေကို ဖမ်းစစ်ရင် ကောင်းမလား” ဟု အနားက ဖြတ်သွားသည့် ရဲတစ်ဦးက စဉ်းစားသည်။ ထိုသို့ဖြင့် အမျိုးမျိုး မှတ်ချက်ပေးကြ ကုန်၏။
ဒီကိစ္စမှာ အမေရိကန် ထောက်လှမ်းရေးတွေလည်း ပါလာသည်။ နိုင်ငံတကာမှ လေယာဉ်တွေ၊ သင်္ဘောတွေ လေထဲမှာရော ရေထဲမှာရော ပိုက်စိပ်တိုက် ရှာဖွေကြသည်။ ဆီကွက်ကြီး တစ်ကွက် တွေ့သည်ဟု ဂြိုဟ်တုပေါ်မှာ တာဝန်ကျသူက လက်ညှိုး လှမ်းထိုးပြသည်။ စစ်ကြည့်တော့ ရေနံသင်္ဘောက ဆီကွက် ဖြစ်နေသည်။ အပျက်အစီး တစ်စ တွေ့သည်ဟုလည်း ဆိုသည်။ သို့သော် လေယာဉ်မှ မဟုတ်။ ဒီတော့ အားလုံး ခေါင်းစား ကုန်သည်။ တချို့က လက်တို့ ခြေထောက်တို့ ပြောင်းစားကြသည်။
ဘယ်လိုပဲရှာရှာ လေယာဉ်ကြီးကို မတွေ့။ နတ်ဆရာတွေလည်း မကယ်နိုင်။ ဆူးလေက ဗေဒင်ဆရာလည်း မကယ်နိုင်။ စာကလေး ဗေဒင် ကုလားမကြီးလည်း မကယ်နိုင်။ ဒီကြားထဲ ၂၀၁၁ ခုနှစ်တုန်းက လေယာဉ်မှူး နှစ်ယောက် လေယာဉ်မောင်းခန်းထဲကို ဆော်နှစ်ပွေ ခေါ်သွားဖူးသည် ဟူသည့် သတင်းကလည်း ထွက်လာသေးသည်။ လေယာဉ် မောင်းခန်းထဲမှာ လေယာဉ်မှူး နှစ်ယောက်နဲ့ ဆော်နှစ်ပွေ ဓာတ်ပုံ တွဲရိုက်ထားသည့် ပုံကို ဖွကြသည်။
ဒီလိုနှင့် နောက်ဆုံးတော့ မြန်မာ ဝင်ပါလာတော့သည်။
အာဆီယံ ဥက္ကဋ္ဌ ဂုဏ်ပုဒ် ဖြစ်သည့် တူကလေးကို ကိုင်လျက် ရှာဖွေ ကူညီပေးသည်။
“မင်းတို့ဆီမှာ မတွေ့ရင် တို့ဆီမှာ လာရှာလေ” ဟုလည်း စပ်ဖြဲဖြဲနှင့် ပြောသည်။
နောက်ဆုံး စစ်ဆေးမှုတွေအရ လေယာဉ်ကြီးက မူလ လမ်းကြောင်းကို သွေဖည်၍ အက်ဒမန် ကျွန်းဘက်ကို မောင်းသွားသည်ဟု သတင်း ထွက်လာသည်။
“လေယာဉ်မှူး ခရီးထွက်ရင်း အက်ဒမန်ကျွန်းက အမျိုးတွေကို ဝင်နှုတ်ဆက်တာ များလား” ဟု တွေးကြပြန်သည်။
အဖြေက ရှာမရ။
ဟိုဝန်ကြီးကို ခေါ်ပြီး နယ်လှည့်တန်းစီ ပါးရိုက် မေးမြန်းခိုင်းရင် အစအန ပေါ်လာနိုင်သည်။ သို့ပေမယ့် သူတို့ကို ခေါ်လို့မဖြစ်။ တော်ကြာ ဖျာဝင်ခင်းနေရင် တစ်မှောင့်။ ဗိုက်ကြီး လှန်ပြပြီး သူရဘွဲ့ ရခဲ့တယ် ဆိုတဲ့ လူကြီးက “လေယာဉ် ပြန်ရှာတွေ့သူက သူရဘွဲ့နဲ့ တန်တယ်လို့ ထင်လား။ ကျုပ်က တိုင်းပြည်အတွက် အသက်စွန့်ခဲ့လို့... ဘာညာကွိကွ” နှင့် ထအော်နေရင် အခက်။ ထို့ကြောင့် ဒီကိစ္စကို ဝင်ဖြေရှင်းမှ သင့်တော်မည်ဟု တွေးမိသော လော်ဘီအုတ်ခဲ တစ်ယောက် ထုံးစံအတိုင်း ဆရာသခင် ပြည်သူ့ သံချောင်းထံ ဖုန်းလှမ်းဆက်ရသည်။ ထုံးစံအတိုင်း ဆရာသခင် တစ်ယောက် အာလေး လျှာလေးနှင့် ရေချိန် ကိုက်နေချေပြီ။
“သံချောင်း ပါတီက ဒီကိစ္စကို ကိုင်တွယ်ရတော့မယ် သမ္မတလောင်းကြီး” ဟု လော်ဘီအုတ်ခဲ တင်ပြချက်ကို ဆရာသခင်က သဘောကျစွာ လက်ခံလျက် အမိန့်ချမှတ်သည်။
ဆရာသခင် ပေးအပ်သည့် တာဝန်က “ရေငန်ပိုင် ဦးရှင်ကြီးနှင့် အမေရေယာဉ်တို့ နှစ်ဦးကို စစ်ဆေး မေးမြန်းရန်” ဟု ဖြစ်လေ၏။
ထို့ကြောင့် အုတ်ခဲတစ်ယောက် ဦးရှင်ကြီးနှင့် အမေရေယာဉ် တို့ကို ရသည့် နည်းလမ်းဖြင့် ဆက်သွယ် ရတော့သည်။
အမေရေယာဉ်က ဒီကိစ္စကို ငြင်းသည်။ “အမေနဲ့ ဘယ်လိုမှ မပတ်သက်ပါ။ အမှန်တကယ် တာဝန်ရှိသူက မောင်ရှင် ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့ပိုင်နက် ရေငန် ပင်လယ်ပေါ်က ဖြတ်ပျံသွားတာလေ။ အမေ့အထင် သူပဲ ဝှက်ထားတာ ဖြစ်မယ်။ သူ့မိကျောင်းကို တရုတ်ပြည် အပို့ခံရကတည်းက သူက တရုတ်ကို ငြိုးနေတာ။ ဒီကိစ္စမှာ အမေ့အနေနဲ့ မောင်ရှင်ကို သံသယ ဝင်မိတယ်” ဟု ဘော်လီဘော ပုတ်ကာ အချွန်နှင့် မလေ၏။
သို့ဖြစ်၍ လော်ဘီအုတ်ခဲ ဦးရှင်ကြီးထံ ရောက်ရပြန်သည်။
ဦးရှင်ကြီးကလည်း “မလေးရှား လေယာဉ် ပျောက်မှုမှာ မိမိနဲ့ လုံးဝ မပတ်သက်ပါ။ မိမိပိုင်နက်လည်း မဟုတ်သဖြင့် ပွဲထိုး၍ မေးမြန်းခြင်း၊ အီးမေးလ်မှ မေးခွန်း ပို့ခြင်းတို့ကို ပြန်လည် ဖြေကြားပေးမှာ မဟုတ်ပါ။ မိမိ စီးနေကျ မိကျောင်းပင်လျှင် တရုတ်လက်စာ မိသွား၍ မိမိမှာ လက်ပစ်ကူး နေရပါတယ်။ ကိုးကွယ်သူများ အားလုံးကို လေးစားပါတယ်” စသဖြင့် ခပ်တည်တည် ဘူးကွယ်လေ၏။
သတင်း အစ ရှာမရကြောင်းကို ဆရာသခင်ထံ ဖုန်းပြန်ဆက်ရာ ဆရာသခင်မှာ လွန်စွာ ဒေါသ ထွက်လှသည် ဖြစ်၍ ပိန်ညောင်ညောင် ကိုယ်လုံးကလေးပင် တဆတ်ဆတ် တုန်လေ၏။ ထို့နောက် “ဒီကိစ္စကို ဘယ်ကောင်မှ မဖော်ထုတ်နိုင်ဘူး ဆိုရင် ငါကိုယ်တိုင် ဖော်ထုတ်မဟေ့။ အဲ့ဒီလေယာဉ် ရှာမရရင် လုံးဝ သမ္မတ မလုပ်တော့ဘူး။ သံချောင်းရဲ့ ဘုန်မိုးသို့ချုန်း၊ ပွေးပုန်းပေါင်မှာ မနေသာဟေ့” ဟု အသံနက်ကြီးဖြင့် ကြုံးဝါးကာ ပန်းဆိုးတန်း ဆိပ်ကမ်းမှ တစ်ဆင့် ရန်ကုန် မြစ်ဝဘက်သို့ သမ္ဗန်ကလေး တစွပ်စွပ် လှော်လျက် ဘီယာတစ်ဖာ တင်ဆောင်ကာ ထွက်ခွာ သွားလေ တော့သတည်း။
လွန်တာရှိ ဝန္ဒာမိပါ အရပ်ကတို့....။
လော်ဘီအုတ်ခဲ (သံချောင်းပါတီ)
The Voice Weekly

No comments:
Post a Comment