Wednesday, March 19, 2014

ကရိုင်းမီးယားအား လွတ်လပ်သောနိုင်ငံအဖြစ် ရုရှအသိအမှတ်ပြု

Wednesday , March 19 , 2014

ကရိုင်းမီးယား ဆန္ဒခံယူပွဲက ကရိုင်းမီးယားဒေသအား ယူကရိန်းမှ ခွဲထွက်ကာရုရှနှင့် ပူးပေါင်းရေးကို မဲပေး ဆုံးဖြတ်ခဲ့အပြီးတွင် ကရိုင်းမီးယားဒေသအား လွတ်လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြု ကြောင်း အမိန့်ဒီကရီတစ်ရပ်ကို ရုရှသမ္မတ ဗလာဒီမာပူတင်က တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့သည်။ ထိုကိစ္စ မှာ စစ်အေးတိုက်ပွဲနောက်ပိုင်း အဆိုးရွားဆုံးသော ရုရှ-အနောက်အုပ်စု အကျပ်အတည်းလည်း ဖြစ်သည်။

“ကရိုင်းမီးယား သမ္မတနိုင်ငံအား အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတစ်ခု”အဖြစ် အသိအမှတ် ပြုကြောင်း အမိန့်ဒီကရီကို ပူတင်က လက်မှတ်ရေးထိုးခဲ့ကြောင်း ကရင်မလင်၏ တရားဝင်ဝက်ဘ်ဆိုဒ် တွင် ဖော်ပြထားသည်။
တနင်္ဂနွေနေ့က ကျင်းပခဲ့သော ကရိုင်းမီးယား ဆန္ဒခံယူပွဲတွင် ကရိုင်းမီးယားလူထုက ပြသခဲ့သောဆန္ဒကို ထည့်သွင်းစဉ်းစားကာ အသိအမှတ်ပြုခဲ့ခြင်ြး့ဖစ်ကြောင်း အမိန့်ဒီကရီတွင်ပါရှိသည်ဟု ကရင်မလင်ဝက်ဘ် ဆိုဒ်က ဆိုသည်။

ထိုအမိန့်ဒီကရီအား လက်မှတ်ရေးထိုးခဲ့သော အခိုက်အတန့်ကတည်းက စတင်၍ အကျိုးသက်ရောက်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ထိုအမိန့်ဒီကရီထဲတွင် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲဟု အချိန်အမှတ်အသားဖော်ပြထား သည်။

ကရိုင်းမီးယား အကျပ်အတည်းနှင့်ပတ်သက်၍ ရုရှသမ္မတပူတင်သည် လွှတ်တော်ကို အင်္ဂါနေ့တွင် မိန့် ခွန်းပြောရန် စီစဉ်ထားသည်။ ကရိုင်းမီးယားဒေသအား ယူကရိန်းမှ ခွဲထွက်ရန် မဲခွဲဆုံးဖြတ်ခဲ့ခြင်းနှင့် ယခု လ အစောပိုင်းတွင် ရုရှလိုလားသော တပ်ဖွဲ့များက ပင်လယ်နက်ဒေသ ကျွန်းဆွယ်ကို ထိရောက်စွာသိမ်း ယူခဲ့ခြင်းတို့ကြောင့် တာဝန်ရှိသော ရုရှနှင့်ယူကရိန်းထိပ်တန်းအရာရှိများကို အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့က ပိတ်ဆို့အရေးယူရန်ကြေညာထားသည်။

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ အစိတ်အပိုင်းတစ်ခုအား ရုရှ လက်အောက်သို့ သွတ်သွင်းနိုင်မည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ရုရှ အောက်လွှတ်တော်၌ သောကြာနေ့တွင် ဆွေးနွေးမည် ဖြစ်သည်။

ပြီးခဲ့သည့်လက ယူကရိန်းနိုင်ငံ ကီးယက်ဗ်မြို့တွင် ရုရှကျောထောက်နောက်ခံပြု ယူကရိန်းအစိုးရကို ဖြုတ် ချခဲ့သော ဥရောပလိုလားသူ ယူကရိန်းခေါင်းဆောင်သစ်များနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အများစုက ကရိုင်းမီးယား ဆန္ဒခံယူပွဲမှာ တရားမ၀င်ကြောင်း ဝေဖန်ရှုတ်ချ ထားသည်။

Mizzima 

No comments: